၃၀ ဧပြီ

တောင်ကိုရီးယားနိုင်ငံမှာ လွန်ခဲ့တဲ့ နှစ်လကျော်ကစပြီး ကိုရိုနာဗိုင်းရပ်စ်ပိုးတွေ့ရှိသူတွေ ရှိခဲ့ပေမယ့် ဒီနေ့(ကြာသပတေးနေ့)မှာတော့ ဗိုင်းရပ်စ်ပိုးကူးစက်ခံရသူမရှိကြောင်း သိရပါတယ်။

 

ကိုရိုနာဗိုင်းရပ်စ်ပိုးကြောင့် လူပေါင်း ၂၄၇ ဦး သေဆုံးကြောင်း ကျန်းမာရေးတာဝန်ရှိသူတွေက ပြောပါတယ်။

 

သမ္မတ မွန်ဂျေအင်းကလည်း ရက်ပေါင်း ၇၂ ရက်အတွင်း ပထမဦးဆုံးနေ့အဖြစ် ရောဂါပိုး မတွေ့ရှိကြောင်း သူ့ဖေ့စ်ဘုတ်မှာ ရေးသားထားပါတယ်။

 

တောင်ကိုရီးယားနိုင်ငံမှာ ဖေဖော်ဝါရီ ၁၈ ရက်နေ့ကစပြီး ကိုရိုနာဗိုင်းရပ်စ်ပိုးကူးစက်ခံရသူ စတင်တွေ့ရှိရာ လူပေါင်း ၁၀,၇၆၅ ဦးမှာ ဗိုင်းရပ်စ်ပိုး တွေ့ရှိခဲ့ပါတယ်။

 

အာရှတိုက်တွင်းက ဗိုင်းရပ်စ်ပိုးကို ထိန်းချုပ်နိုင်တဲ့  နောက်ထပ်ဒေသနှစ်ခုကတော့ ဟောင်ကောင်နဲ့ ထိုင်ဝမ် တို့ဖြစ်ပါတယ်။ ဒီနေ့ဟာ ဟောင်ကောင်အတွက် ဗိုင်းရပ်စ်ပိုးမတွေ့ရှိတဲ့ (၅)ရက်မြောက်နေ့ ဖြစ်ပြီး ထိုင်ဝမ် ကတော့ (၄)ရက်မြောက်နေ့ ဖြစ်ကြောင်း သိရပါတယ်။

 

တောင်ကိုရီးယားနိုင်ငံဟာ ကမ္ဘာမှာ ဒုတိယမြောက် ရောဂါကူးစက်နှုန်းမြန်တဲ့ နိုင်ငံဖြစ်ပေမယ့် ဗိုင်းရပ်စ်ပိုးပျံ့နှံ့မှုကို ထိန်းချုပ်ရန် ပိုးစစ်ဆေးမှုကို ကျယ်ကျယ်ပြန့်ပြန့် လုပ်ဆောင်ပြီး၊  ဗိုင်းရပ်စ်ပိုးတွေ့ရှိသူနဲ့ ဆက်စပ်နေသူတွေကို ရှာဖွေခြင်းနဲ့ တစ်ဦးနဲ့တစ်ဦး နီးနီးကပ်ကပ်မနေရန် တင်းတင်းကြပ်ကြပ် လုပ်ဆောင်ခဲ့ပါတယ်။

 

တောင်ကိုရီးယားနိုင်ငံဟာ ကပ်ရောဂါဖြစ်ပွားနေချိန် ဧပြီ ၁၅ ရက်နေ့က အထွေထွေရွေးကောက်ပွဲ ကျင်းပခဲ့ပေမယ့် တစ်ဦးနဲ့တစ်ဦး နီးနီးကပ်ကပ်မနေရန်နဲ့ ဗိုင်းရပ်စ်ပိုး မကူးစက်အောင် မဲလာထည့်သူတွေက မျက်နှာဖုံးတွေ လက်အိတ်တွေ ဝတ်ဆင်လာတာမျိုးကို လုပ်ဆောင်ခဲ့ပါတယ်။

MDN
ကိုးကား - AFP