ညောင်ရွှေ ၃၀ ဧပြီ
ရှမ်းပြည်နယ်၊ ညောင်ရွှေမြို့နယ်၊ မိုင်းသောက်ကျေးရွာရှိ မိုင်းသောက်တံတားသည် ယခင်ကာလများ၌ ပြည်တွင်း၊ ပြည်ပခရီးသွားဧည့်သည်များ လာရောက်လည်ပတ်သည့် နေရာတစ်ခုဖြစ်ပြီး အင်းလေးကန်အရှေ့ဘက်ကမ်းရှိ ဈေးဆိုင်များနှင့် စည်ကားသော နေရာတစ်ခုဖြစ်သည်။
ယခုအခါ ကမ္ဘာနှင့်အဝှမ်း ကူးစက်ဖြစ်ပွားလျှက်ရှိသည့် ကိုဗစ်-၁၉ ရောဂါ တားဆီးကာကွယ်နိုင်ရေးအတွက် မိုင်းသောက်တံတားပေါ် ဖြတ်သန်းသွားလာခွင့်ကို ရက်အကန့်အသတ်မရှိ သက်ဆိုင်ရာ ကျေးရွာကော်မတီမှ တားဆီးထားပြီး ဈေးဆိုင်ခန်းများကိုလည်း ပိတ်သိမ်းထားစေပါသည်။
ယခင်နှစ် မိုးရေချိန်ရရှိမှုနည်းခြင်း၊ ရာသီဥတု ပူပြင်းခြောက်သွေ့ခြင်းတို့ကြောင့် အင်းလေးကန်ရေထု လျော့နည်းလျက်ရှိရာ မိုင်းသောက်တံတား အနီးဝန်းကျင်တွင်လည်း ရေနည်းခမ်း ခြောက်လျက်ရှိကြောင်း သိရှိရသည်။
စိုင်းအယ်ဘဲ


