နေပြည်တော် ၃၀ ဧပြီ
ပြည်ထောင်စုနယ်မြေ နေပြည်တော်အတွင်း Coronavirus Disease (COVID-19) ရောဂါ ကြိုတင်ကာကွယ်ရေးလုပ်ငန်းများတွင် အသုံးပြုနိုင်ရန်အတွက် လိုအပ်သည့် အထောက်အကူပစ္စည်းများ လှူဒါန်းပွဲကို ယနေ့ညနေ ၄ နာရီတွင် နေပြည်တော်ကောင်စီရုံး ဧည့်ခန်းမ၌ကျင်းပရာ နေပြည်တော်ကောင်စီ ဉက္ကဋ္ဌ ဒေါက်တာမျိုးအောင်၊ နေပြည်တော်ကောင်စီဝင်များဖြစ်ကြသည့် ဦးတင်ထွန်း၊ ဦးအေးမောင်စိန်၊ နေပြည်တော် ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ ဒုတိယညွှန်ကြားရေးမှူးချုပ် ဒေါက်တာမြတ်ဝဏ္ဏစိုးနှင့် တာဝန်ရှိသူများ တက်ရောက်သည်။
လှူဒါန်းပွဲတွင် ဦးဝင်းသိန်း+ဒေါ်ကြည်ပြာ (ဝင်းတော်ဝင်ကုမ္ပဏီမိသားစု)မှ ငွေကျပ် ၁၅၀၀၀၀၀ တန်ဖိုးရှိ PPE ဝတ်စုံ (၃၀)စုံ၊ Face Masks (၈၀၀)ခု၊ လက်အိတ်(၇၀၀)ခု၊ နေပြည်တော်စိုက်ပျိုးရေးဦးစီးဌာန ဝန်းထမ်းများမှ ငွေကျပ် ၁၀၀၀၀၀၀ တန်ဖိုးရှိ Face Masks (၃၃၅၀)ခုတို့ကို သက်ဆိုင်ရာ တာဝန်ရှိသူများက အသီးသီးလှူဒါန်းကြရာ နေပြည်တော်ကောင်စီဥက္ကဋ္ဌ ဒေါက်တာမျိုးအောင်နှင့် တာဝန်ရှိသူများက လက်ခံရယူခဲ့ပြီး အလှူရှင်များအား ဂုဏ်ပြုမှတ်တမ်းလွှာများကို ပြန်လည်ပေးအပ်ချီးမြှင့်ပေးသည်။ အဆိုပါပစ္စည်းများအား နေပြည်တော်ကောင်စီမှတစ်ဆင့် နေပြည်တော် ပြည်သူ့ကျန်းမာရေးဦးစီးဌာနသို့ လွှဲပြောင်းပေးအပ်ကာ လိုအပ်သည့်နေရာများတွင် ဖြန့်ဝေအသုံးပြုသွားမည်ဖြစ်ကြောင်း သိရသည်။
ထွန်းထွန်းဝင်း(ပြန်/ဆက်)


