ပန်နန်းဒင် ၃၀ ဧပြီ
ကချင်ပြည်နယ်၊ ပူတာအိုခရိုင်၊ ပန်နန်းဒင်မြို့အတွင်းရှိ ပုံမှန်၀င်ငွေမရှိသော အခြေခံလူတန်းစား ပြည်သူများအတွက် အခြေခံစားသောက်ကုန်ငါးမျိုး ပေးအပ်ပွဲကို ဧပြီ ၂၂ ရက် နံနက် ၈ နာရီက ပန်နန်းဒင်မြို့ ခရစ်တော်၏ အသင်းတော်ဘုရားကျောင်း၌ ကျင်းပသည်။
ရှေးဦးစွာ မြို့စီမံခန့်ခွဲမှုဉက္ကဋ္ဌ မြို့အုပ်ချုပ်ရေး ဦးနေမင်းထွန်းက လတ်တလောဖြစ်ပွားနေသော ကိုဗစ်-၁၉ ရောဂါနှင့်ပတ်သက်၍ ဆောင်ရန်၊ ရှောင်ရန်အချက်များ၊ ပြည်ပမှ ပြန်လည်၀င်ရောက်ရှိလာသူများ ရှိပါက သက်ဆိုင်ရာ ရပ်ကွက်/ကျေးရွာ အုပ်ချုပ်ရေးမှူးများမှတစ်ဆင့် တင်ပြပြီး ကျန်းမာရေးစစ်ဆေးမှု ခံယူနိုင်ရေးနှင့် နိုင်ငံတော်မှ ပုံမှန်၀င်ငွေမရှိသော အခြေခံလူတန်းစား အိမ်ထောင်စုများကို ထောက်ပံ့သည့် အခြေခံစားသောက်ကုန်ငါးမျိုးအား ပြည်သူလက်၀ယ်အရောက် အချိန်နှင့်တစ်ပြေးညီ စနစ်တကျ ဖြန့်ဝေပေးသွားရန် ပြောကြားသည်။
ဆက်လက်၍ မြို့စီမံခန့်ခွဲမှုကော်မတီဥက္ကဋ္ဌ မြို့အုပ်ချုပ်ရေးမှူး ဦးနေမင်းထွန်းက အခြေခံစားသောက်ကုန်ငါးမျိုးအား ပေးအပ်ရာ ရပ်ကွက်/ကျေးရွာ အုပ်ချုပ်ရေးမှူးများက လက်ခံရယူပြီး မိမိနယ်မြေအလိုက် ပုံမှန်၀င်ငွေမရှိသော အိမ်ထောင်စုများထံအရောက် ပေးအပ်သွားမည်ဖြစ်ကြောင်း သိရသည်။
အဆိုပါ ပန်နန်းဒင်မြို့အတွင်းရှိ ပုံမှန်၀င်ငွေမရှိသော အိမ်ထောင်စု(၁၀)စုအား ထောက်ပံပေးအပ်ခဲ့ကြောင်း သိရသည်။
နောယော်ဘော်(ပြန်/ဆက်)


