နေပြည်တော် ၃၀ ဧပြီ

 

သက်ဆိုင်ရာတိုင်းစစ်ဌာနချုပ်အသီးသီးမှ တပ်မတော်သားများ၊ မီးသတ်တပ်ဖွဲ့ဝင်များ၊ ဌာန/အဖွဲ့အစည်းများနှင့် ပူးပေါင်း၍ COVID-19 ရောဂါ ကာကွယ်ထိန်းချုပ်နိုင်ရေးအတွက် ပိုးသတ်ဆေးဖျန်းခြင်းလုပ်ငန်းများကို နေပြည်တော်၊ တိုင်းဒေသကြီး/ပြည်နယ်များမှ မြို့နယ် ၇၈ မြို့နယ်ရှိ နေရာ ၁၆၅ နေရာများတွင် ဆောင်ရွက်ခဲ့ရာ ပိုးသတ်ဆေးရည် ၆၃၇. ဂါလန်၊ ရေ ၂၅၅၀၀ ဂါလန် သုံးစွဲခဲ့ပြီး အဆိုပါ ပိုးသတ်ဆေးဖျန်းခြင်းလုပ်ငန်းများကို တာဝန်ရှိသူများမှ လိုက်လံကြည့်ရှုအားပေးခဲ့ကြောင်း သိရှိရသည်။

 

သတင်းစဉ်