▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄

 

၁။ (၃၀-၄-၂၀၂၀) ရက်နေ့ ညနေတွင် ဆေးသုတေသနဦးစီးဌာန (DMR) မှ စစ်ဆေးပြီးစီးခဲ့သော စောင့်ကြည့်လူနာ (၂၉) ဦး၏ ဓာတ်ခွဲနမူနာများတွင် -

 

• COVID-19 ရောဂါ ဓာတ်ခွဲအတည်ပြု လူနာသစ် မတွေ့ရှိပါ။

 

၂။ သို့ဖြစ်ပါ၍ (၃၀-၄-၂၀၂၀) ရက်နေ့၊ ည (၈:၀၀)နာရီအထိ မြန်မာနိုင်ငံတွင် COVID-19 ရောဂါ ဓာတ်ခွဲ အတည်ပြုလူနာ (၁၅၀) ဦးရှိပြီဖြစ်ပါသည်။

 

၃။ (၃၀-၄-၂၀၂၀) ရက်နေ့တွင် ဓာတ်ခွဲအတည်ပြု လူနာဟောင်း (old confirmed case) များ၏ ဓာတ်ခွဲနမူနာများ၌ (၂) ကြိမ် ဆက်တိုက် ပိုးမတွေ့ရှိသူ (၁) ဦး (Case -22) ရှိသဖြင့် ယနေ့အထိ ဓာတ်ခွဲနမူနာများ၌ (၂) ကြိမ် ဆက်တိုက် ပိုးကင်းစင်လာသူစုစုပေါင်း (၂၈) ဦးရှိပြီဖြစ်ပါသည်။

 

၄။ (၃၀-၄-၂၀၂၀) ရက်နေ့တွင် ရောဂါပိုးကင်းစင်လာသူ (၁) ဦး (Case -1) အား ဆေးရုံမှ ဆင်းခွင့်ပြုခဲ့၍ ယနေ့အထိ ဆေးရုံမှဆင်းခွင့်ရရှိသူ စုစုပေါင်း (၁၇) ဦး ရှိပြီဖြစ်ပြီး ၎င်းတို့အား နေအိမ်တွင် အသွားအလာ ဆက်လက်ကန့်သတ် ထားရှိလျက်ပါသည်။

 

၅။ ဓာတ်ခွဲအတည်ပြုလူနာများအနက် သေဆုံးသူ (၆) ဦး ရှိပါသည်။

 

၆။ ယနေ့အထိ ဓာတ်ခွဲအတည်ပြုလူနာ (၁၂၇) ဦးအား သက်ဆိုင်ရာဆေးရုံများတွင် ဆေးကုသမှု ပေးလျက်ရှိပြီး ၎င်းတို့အနက် အထူးကြပ်မတ်ကုသခန်းတွင် ကုသမှုခံယူနေသူ (၂) ဦးရှိပါသည်။

 

၇။ (၂၉-၄-၂၀၂၀) ရက်နေ့၊ နေ့လယ် (၁၂:၀၀) နာရီမှ (၃၀-၄-၂၀၂၀)ရက်နေ့၊ နေ့လယ် (၁၂:၀၀) နာရီအတွင်း တွေ့ရှိရသော စောင့်ကြည့်လူနာအသစ် (၆၀)ဦး ရှိပါသည်။

 

Ministry of Health and Sports, Myanmar