မင်းလှ ၁ မေ
မင်းလှမြို့နယ်ပြည်သူ့ဆေးရုံတွင် ဖွင့်လှစ်ထားသော Fever Clinic တွင် လိုအပ်သော ဆေးဝါးများ ဝယ်ယူရန်အတွက် ပဲခူးတိုင်းဒေသကြီး စိုက်ပျိုးရေး၊မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီး ဦးအောင်ဇော်နိုင်က အလှူငွေပေးအပ်လှူဒါန်းခြင်းကို ယနေ့ နံနက် ၈ နာရီက ပေးအပ်လှူဒါန်းခဲ့ကြောင်း သိရသည်။
ထိုသို့ ပေးအပ်လှူဒါန်းရာတွင် Fever Clinic ၌ အမှန်တကယ်လိုအပ် သည့်ဆေးဝါးနှင့် အသုံးအဆောင် ပစ္စည်းများ ဝယ်နိုင်ရေးအတွက် ငွေကျပ်(၈) သိန်းအား မြို့နယ်ဆရာဝန်ကြီးနှင့် မြို့ နယ်အုပ်ချုပ်ရေး မှူးထံ ပေးအပ်လှူဒါန်းခဲ့သည်။
အဆိုပါFever Clinic ဆေးခန်းသည် ကိုဗစ်-၁၉ ကမ္ဘာ့ကပ်ရောဂါဖြစ်ပွားချိန် ဆေးခန်းပြသရန် အခက်အခဲဖြစ်နေ သူများကို တစ်ဖက်တစ်လမ်းမှ ကူညီကာ ကျန်းမာ ရေးစောင့်ရှောက်မှု ပေးနိုင်ရေးအတွက် ဖွင့်လှစ်ရခြင်းဖြစ်ပြီး နေ့စဉ် နံနက်(၉) နာရီမှ နံနက် (၁၂) နာရီထိဖွင့်လှစ်၍ မြို့နယ်ဆရာဝန်ကြီးနှင့် လက်ထောက်ဆရာဝန်များမှ ကိုယ်ပူခြင်း၊ ဖျားနာခြင်း၊ ချောင်းဆိုးခြင်း၊ မောပန်းခြင်း၊ ရင်ကျပ်ခြင်း၊ ဝမ်းပျက်ဝမ်းလျော ဖြစ်သူများကို ကျန်းမာရေး စောင့်ရှောက်မှု (အခမဲ့) ကုသပေးသွားမည်ဖြစ်၍ မည်သူမဆိုလာ ရောက်ကုသနိုင်ကြောင်း သိရသည်။
ပေါက်စ မင်းလှ


