ဝက်လက် ၁ မေ
စစ်ကိုင်းတိုင်းဒေကြီး ရွှေဘိုခရိုင် ဝက်လက်မြို့နယ် တွင် နယ်စပ်ကုန်သွယ်ရေး ဂိတ်မှ တစ်ဆင့် မြန်မာ နိုင်သို့ ပြန်လည်ဝင်ရောက်လာသူများထဲမှ ဝက်လက်မြို့နယ် အတွင်းရှိ ဒေသခံပြည်သူများ ပြန်လည် ဝင်ရောက်လာပါက (၂၁) ရက် စောင့်ကြည့်ရန်အတွက် အသွားအလာ စောင့်ကြည့်ရေးစခန်း ဖြစ်သည့် ဝက်လက်မြို့ အမှတ် (၁) အခြေခံပညာအထက်တန်းကျောင်းအတွင်းရှိ အဆောင် တစ်ဆောင်တွင် (၈)ခန်း ပါဝင်သည့် အဆောင် (၂)ဆောင် ၊ သရဖီ ဆောင်တွင် အမျိုးသားများ ထာရှိရန်နှင့် ယင်မာ အဆောင်တွင် အမျိုးသမီးများထားရန် ကြိုတင်ပြင်ဆင်ထားရှိမှုကို ဝက်လက်မြို့၊ မြို့နယ် အထွေထွေ အုပ်ချုပ်ရေး ဦးစီးဌာန မြို့နယ် အုပ်ချုပ်ရေးမှူး ဦးစိုးလှိုင်မောင်ထံမှ သိရသည်။
ဝက်လက်မြို့နယ်တွင် အသွားအလာ ကန့်သတ်စောင့်ကြည့်ရေး စခန်းဖြစ်သည့်အမှတ် (၁) အခြေခံ ပညာ အထက်တန်းကျောင်းဝင်းအတွင်း သရဖီဆောင်နှင့် ယင်မာဆောင်များတွင် လူဦးရေ (၈၀) ခန့် ထားရှိရန် စီစဉ်ဆောင်ရွက်ထားရှိသည်။
အဆိုပါ ဝက်လက်မြို့ စောင့်ကြည့်စခန်းတွင် နေထိုင်ကြသူများအနေဖြင့် လက်ကို မကြာခဏ ဆေးရန် နှာခေါင်းစည်း တပ်ဆင်ရန် ကျန်းမာရေး နှင့် အားကစားဝန်ကြီးဌာနမှ ထုတ်ပြန်ထားသော ညွှန်ကြား ချက်များကို လိုက်နာဆောင်ရွက်ကြရန် အသိပညာပေးခြင်များကို ဆောင်ရွက်သွားမည် ဖြစ်ကြောင်း သိရှိရပါသည်။
စိုးစိုးလှိုင် (ဝက်လက်)


