၁ မေ
ရုရှားဝန်ကြီးချုပ် မီခေး မစ်စူတင် က ၎င်းတွင် ကိုရိုနာဗိုင်းရပ်စ် ကူးစက်ခံရသည်ဟု ဆိုသည်။
မီခေး မစ်စူတင် သည် သမ္မတ ဗလာဒီမာ ပူတင်နှင့် ယမန်နေ့က ပြုလုပ်ခဲ့သော ဗွီဒီယိုဆွေးနွေးမှုတွင် ကိုရိုနာဗိုင်းရပ်စ် ကူးစက်ခံရကြောင်း ပြောကြားခဲ့ခြင်း ဖြစ်သည်။
မီခေး မစ်စူတင် သည် ကိုရိုနာဗိုင်းရပ်စ် တိုက်ဖျက်ရေး လုပ်ငန်းများကို တာဝန်ယူလုပ်ဆောင်သူ ဖြစ်သည်။
Dmitry Medvedev နှင့် ၎င်း အစိုးရအဖွဲ့တို့ နုတ်ထွက်ခဲ့ပြီးနောက် ဇန်နဝါရီလတွင် ဝန်ကြီးချုပ်ရာထူး တာဝန်ထမ်းဆောင်ခဲ့ခြင်း ဖြစ်သည်။
မီခေး မစ်စူတင် ဆေးရုံတက် နေစဉ် ၎င်း၏တာဝန်များကို ဒုတိယဝန်ကြီးချုပ်က တာဝန်ယူ လုပ်ဆောင်သွားဖွယ်ရှိသည်။
ရုရှားနိုင်ငံတွင် ယမန်နေ့ကအထိ အတည်ပြု ကိုရိုနာဗိုင်းရပ်စ် ကူးစက်ခံရသူပေါင်းမှာ တစ်သိန်းအထိ ရှိလာသည်ဟု အမေရိကန်ပြည်ထောင်စု ရှိ ဂျွန်ဟော့ပ်ကင်းစ် တက္ကသိုလ်က ဆိုသည်။
ကိုးကား-အန်အိတ်ချ်ကေ
ဘာသာပြန်-မြင့်မြင့်ချို