ကွမ်းလုံ ၁ မေ
ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ ကွမ်းလုံမြို့နယ်တွင် ဖွင့်လှစ်ထားသော ကိုဗစ်-၁၉ ရောဂါ ကာကွယ်ထိန်းချုပ်ရေး ယာယီစောင့်ကြည့်ရေးစင်တာ၌ Quarantine (၂၁)ရက် ပြည့်မြောက်ပြီးဖြစ်သည့် နေရပ်ပြန်ပြည်သူ(၈၈)ဦးအား နေရပ်အသီးသီးသို့ ယနေ့ နံနက် ၇ နာရီက ပြန်လည်ပို့ဆောင်ပေးခဲ့ကြောင်း သိရသည်။
ဒေသအသီးသီးမှ နေရပ်ပြန်ပြည်သူ (၈၈)ဦးအား ကိုဗစ်-၁၉ ရောဂါကာကွယ်ရေး ယာယီစောင့်ကြည့်ရေးစင်တာ၌ (၂၁)ရက် နေထိုင်ပြီးကြောင်းနှင့် ကျန်းမာရေးဆေးထောက်ခံချက်များကို ပေးအပ်ခဲ့ပြီး သက်ဆိုင်ရာ တိုင်းဒေသကြီး/ ပြည်နယ် တာဝန်ရှိသူများနှင့် ချိတ်ဆက်၍ ပို့ဆောင်ပေးလျက်ရှိသည်။
အဆိုပါ နေရပ်ပြန်ပြည်သူများတွင် ရှမ်းပြည်နယ် (၁၈)ဦး၊ မန္တလေးတိုင်း (၂၉)ဦး၊ မကွေးတိုင်း (၁၁)ဦး၊ စစ်ကိုင်းတိုင်း (၁၂)ဦး၊ ကချင်ပြည်နယ် (၁၀)ဦး၊ ဧရာဝတီတိုင်း (၂)ဦး၊ ရခိုင်ပြည်နယ် (၄)ဦး၊ ချင်းပြည်နယ် (၁)ဦး၊ ရန်ကုန်တိုင်းဒေသကြီး (၁)ဦးနှင့် နေပြည်တော် (၁)ဦး စုစုပေါင်း ကျား (၆၅)ဦး၊ မ (၂၃)ဖြစ်ဖြစ်ကြောင်း သိရသည်။
မိုင်းခိုင်ဇော်(ကွမ်းလုံ)


