မြဝတီ  မေ

ထိုင်းနိုင်ငံမှ မြန်မာနိုင်ငံသို့ ပြန်လာရန်ရှိသည့် မြန်မာရွှေ့ပြောင်းလုပ်သားအချို့သည် ယနေ့ နံနက်ပိုင်းမှစ၍ မြန်မာထိုင်း အမှတ် () ချစ်ကြည်ရေးတံတားမှတစ်ဆင့် စတင်ဝင်ရောက်လာသည်။

ယနေ့ ပြန်ဝင်လာသူများအနေဖြင့် ထိုင်းနိုင်ငံ တာ့ခ်ခရိုင်အတွင်းမှဖြစ်ပြီး ဘန်ကောက်နှင့် တခြား ခရိုင်ဒေသများမှ မြန်မာအလုပ်သမားများအနေဖြင့် ညမထွက်ရ အမိန့်အပါအဝင် အခြားစည်းကမ်းချက်များကို မေလကုန်အထိ တိုးမြှင့်လိုက်သည့်အတွက် ပြန်လာရန် စောင့်ရဦးမည်ဖြစ်ကြောင်း သိရသည်။

တစ်ခရိုင်နှင့် တစ်ခရိုင် ဖြတ်သန်းသွားလာခွင့် မပြုဘူးဆိုပေမယ့် တာ့ခ်ခရိုင်၊ မဲဆောက်မှာ ရှိနေတဲ့ မြန်မာနိုင်ငံ ကို ပြန်လာချင်တဲ့ သူတွေအနေနဲ့ နိုင်ငံခြားရေးဝန်ကြီးဌာနက ထုတ်ပြန်ချက်အရ ဧပြီ ၃၀ ရက် နောက်ပိုင်းဖြစ်တဲ့ အတွက် မေ ရက်မှာ  မြန်မာနိုင်ငံက စတင်လက်ခံခဲ့တာ ဖြစ်ပါတယ်ဟု မြဝတီခရိုင်အုပ်ချုပ်ရေးမှူး ဦးတေဇာအောင် က ပြောသည်။

ပြန်ဝင်လာတဲ့သူတွေကို ၎င်းတို့ပြန်မည့် နေရပ်ဒေသလူဦးရေ အနည်းအများအပေါ် မူတည်ပြီး ပြန်လည် ပို့ဆောင်ဖို့နဲ့ မြဝတီစခန်းတွေမှာထားဖို့ကို စီစဉ်သွားမှာဖြစ်ပါတယ်ဟု ကရင်ပြည်နယ် အစိုးရအဖွဲ့လူမှုရေးဝန်ကြီး ဦးဘိုဘိုဝေမောင်က ပြောသည်။

ယနေ့ မွန်းတည့် ၁၂ နာရီ အထိ ကရင်ပြည်နယ်မှ ဦး၊ မွန်ပြည်နယ်မှ ဦး၊ စစ်ကိုင်းတိုင်းဒေသကြီးမှ ဦး၊ ပဲခူးတိုင်းဒေသကြီးမှ ၃၀၊ နေပြည်တော်မှ ဦး၊ ဧရာဝတီတိုင်းဒေသကြီးမှ ဦး စုစုပေါင်း ၅၁ ဦး ပြန်လည် ဝင်ရောက်လာခြင်း ဖြစ်သည်။

ပြန်ဝင်လာသူများအနက် ပဲခူးတိုင်းဒေသကြီးမှ ၃၀ နှင့် မွန်ပြည်နယ်မှ ဦးတို့ကို ယနေ့တွင် ၎င်းတို့ဒေသသို့ ဆက်လက် ပို့ဆောင်ပေးမည်ဖြစ်ပြီး ၎င်းတို့၏ နေရပ်ဒေသများ၌ ကန့်သတ်စောင့်ကြည့်သွားမည်ဖြစ်ကြောင်း သိရသည်။

ယနေ့ ပြန်လည်ဝင်ရောက်လာသူများအား ကရင်ပြည်နယ်အစိုးရအဖွဲ့၊ လူမှုရေးဝန်ကြီး ဦးဘိုဘိုဝေမောင်၊ ကရင်ပြည်နယ် လွှတ်တော်ကိုယ်စားလှယ် ဦးသန့်ဇင်အောင်၊ ခရိုင်အုပ်ချုပ်ရေးမှူး ဦးတေဇာအောင်၊ မြို့နယ် အုပ်ချုပ်ရေးမှူး ဦးဖြိုးဇော်ကိုကိုနှင့် တာဝန်ရှိသူများက ပြန်လည်လက်ခံကြိုဆိုရေးတွင် ကျန်းမာရေးစစ်ဆေးမှု အပါအဝင် အခြားလိုအပ်သည်များအား ကြီးကြပ်ဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။

ထိန်လင်းအောင်(ပြန်၊ဆက်)