(၁-၅-၂၀၂၀) ရက်နေ့၊ ည (၈:၀၀)နာရီ

 

၁။ (၁-၅-၂၀၂၀) ရက်နေ့၊ ညနေပိုင်းတွင် အမျိုးသားကျန်းမာရေး ဓာတ်ခွဲမှုဆိုင်ရာဌာန (ရန်ကုန်) မှ စစ်ဆေးပြီးစီးခဲ့သော ဓာတ်ခွဲနမူနာ (၁၅၅) ခုနှင့် ဆေးသုတေသနဦးစီးဌာန (DMR) မှ စစ်ဆေးပြီးစီးခဲ့သော ဓာတ်ခွဲနမူနာ (၄၁) ခု၊ စုစုပေါင်း (၁၉၆) ခုတွင် -

 

• COVID-19 ရောဂါဓာတ်ခွဲအတည်ပြု လူနာသစ် မတွေ့ရှိပါ။

 

၂။ (၁-၅-၂၀၂၀) ရက်နေ့၊ ည (၈:၀၀) နာရီအထိ မြန်မာနိုင်ငံတွင် COVID-19 ရောဂါ ဓာတ်ခွဲ အတည်ပြုလူနာ (၁၅၁) ဦးရှိပြီဖြစ်ပါသည်။

 

၃။ ဓာတ်ခွဲစစ်ဆေးမှုများပြုလုပ်ရာတွင် စောင့်ကြည့်လူနာနှင့် အသွားအလာ ကန့်သတ်ထားရှိသူများ၏ ဓာတ်ခွဲနမူနာများအပြင် COVID-19 ဓာတ်ခွဲအတည်ပြု လူနာဟောင်း (old confirmed case) များ၏ ဓာတ်ခွဲနမူနာများအားလည်း ရယူကာ ပိုးကင်းစင်လာမှု အခြေအနေအား စစ်ဆေးလျက်ရှိပါသည်။ ထိုသို့စစ်ဆေးမှုများတွင် (၁-၅-၂၀၂၀) ရက်နေ့၌ ဓာတ်ခွဲအတည်ပြု လူနာဟောင်း (old confirmed case) များဖြစ်သည့် (Case - 14, 18 နှင့် 90) တို့၏ ဓာတ်ခွဲနမူနာများတွင် (၂) ကြိမ် ဆက်တိုက်အဖြစ် ပိုးမတွေ့ရှိပါ။ သို့ဖြစ်ပါ၍ ယနေ့အထိ ဓာတ်ခွဲနမူနာများ၌ ရောဂါပိုးကင်းစင်လာသူ စုစုပေါင်း (၃၁) ဦးရှိပြီဖြစ်ပါသည်။

 

၄။ (၁-၅-၂၀၂၀) ရက်နေ့တွင် ရောဂါပိုးကင်းစင်လာသူ (၁၀) ဦး (Case-2, 8, 32, 33, 38, 41, 47, 50, 54 နှင့် 58) တို့အား ဆေးရုံမှ ဆင်းခွင့်ပြုခဲ့၍ ယနေ့အထိ ဆေးရုံမှ ဆင်းခွင့်ရရှိသူ စုစုပေါင်း (၂၇) ဦးရှိပြီဖြစ်ပြီး ၎င်းတို့အား သတ်မှတ်နေရာများတွင် အသွားအလာ ဆက်လက် ကန့်သတ်ထားရှိပါသည်။

 

၅။ ဓာတ်ခွဲအတည်ပြုလူနာများအနက် သေဆုံးသူ (၆)ဦးရှိပါသည်။

 

၆။ ကျန်ရှိသည့် ဓာတ်ခွဲအတည်ပြုလူနာ (၁၁၈) ဦးအား သက်ဆိုင်ရာ ဆေးရုံများတွင် ဆေးကုသမှု ပေးလျက်ရှိပြီး ၎င်းတို့အနက် အထူးကြပ်မတ် ကုသခန်းတွင် ကုသမှုခံယူနေသူ (၂) ဦးရှိပါသည်။

 

၇။ (၃၀-၄-၂၀၂၀) ရက်နေ့၊ နေ့လယ် (၁၂:၀၀) နာရီမှ (၁-၅-၂၀၂၀)ရက်နေ့၊ နေ့လယ် (၁၂:၀၀) နာရီအတွင်း တွေ့ရှိရသော စောင့်ကြည့်လူနာအသစ် (၈၅)ဦး ရှိပါသည်။

 

၈။ (၁-၅-၂၀၂၀) ရက်နေ့အတွက် ဓာတ်ခွဲအဖြေများ ထပ်မံထုတ်ပြန်ရန် မရှိတော့ပါ။

 

Ref; Ministry of Health and Sports, Myanmar