လှည်းကူး  ၁ မေ

 

ကိုရီးယားနိုင်ငံမှ ပြန်လည်ရောက်ရှိလာသူ(၈၆)ဦးအား  Quarantine (၂၁)ရက် စောင့်ကြပ်ကြည့်ရှုရန် ဧပြီ ၃၀ ရက် ည ၁၀ နာရီ ၄၅ မိနစ်ခန့်က ရန်ကုန်မြောက်ပိုင်းခရိုင် လှည်းကူးမြို့နယ် ကျွန်းကလေး ကျေးရွာ ဓမ္မမာမက သာသနာ့ရိပ်သာကျောင်းတိုက်သို့ ပို့ဆောင်ထားရှိကြောင်း သိရသည်။

 

ကိုရီးယားနိုင်ငံမှ ပြန်လည်ရောက်ရှိလာသူ မြန်မာနိုင်ငံသား အမျိုးသား(၈၂)ဦး၊ အမျိုးသမီး(၄)ဦး စုစုပေါင်း (၈၆)ဦးတို့အား ကိုဗစ်-၁၉ ရောဂါ ကာကွယ်နိုင်ရန်နှင့် ကျန်းမာရေးအခြေအနေကို (၂၁)ရက် သီးခြားစောင့်ကြည့်ရန် ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ်မှ ကား (၅)စီးဖြင့် အဆိုပါ ကျောင်းတိုက်သို့ ပို့ဆောင်ခဲ့ခြင်း ဖြစ်သည်။

 

အဆိုပါ ပြန်လည်ရောက်ရှိလာသူများ၏ ကျန်းမာရေးအခြေအနေများကို စောင့်ကြည့်ရန် လှည်းကူးမြို့နယ် ပြည်သူ့ဆေးရုံအုပ်ကြီး ဒေါက်တာရန်နိုင်ဆွေနှင့် ကျန်းမာရေးဝန်ထမ်းများက စောင့်ကြည့်ပေးလျက်ရှိကြောင်း သိရသည်။

 

နိုင်လင်း(လှည်းကူး)