ခန္တီး ၂ မေ        

စစ်ကိုင်းတိုင်းဒေသကြီး ခန္တီးမြို့တွင် ယနေ့နံနက် မန္တလေးလေဆိပ်မှ KBZ လေကြောင်းဖြင့် ခန္တီးသို့ လိုက်ပါလာသည့် ခရီးသည် ၄၉ ဦးကို လေဆိပ်အဝင်ဂိတ်တွင် Hand Gel ဖြင့် လက်ဆေးစေခြင်းနှင့် ကိုယ်အပူချိန်တိုင်းခြင်းကို ခရိုင်စီမံခန့်ခွဲမှုကော်မတီဥက္ကဋ္ဌ ဦးလှမျိုးနှင့် ကျန်းမာရေးဝန်ထမ်းများ၊ ဌာနဆိုင်ရာ တာဝန်ရှိသူများနှင့် ကြက်ခြေနီအသင်းတို့ ပူးပေါင်းလျက် ဆောင်ရွက်ခဲ့သည်။

 

အဆိုပါ ခရီးသည်များအနက် ခရီးသည်သုံးဦးကို နယ်စပ်ရေးရာဝန်ကြီးဌာန ပညာရေးနှင့်လေ့ကျင့်ရေး ဦးစီးဌာန နယ်စပ်ဒေသတိုင်းရင်းသားလူမျိုးများ ဖွံ့ဖြိုးရေးသင်တန်းကျောင်းတွင် စောင့်ကြည့်ထားခြင်း၊ ခန္တီးမြို့နယ် နန်စီပွန်ဒေသတွင် တစ်ဦးနှင့် ကျန်ခရီးသည်များကို မိမိနေထိုင်ရာအိမ်တွင်သာ သီးသန့် စောင့်ကြည့် ထားရှိသွားမည်ဖြစ်ကြောင်း သိရသည်။

စနေမောင်(ခန္တီး)