ထားဝယ် ၂ မေ

 

တနင်္သာရီတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမြင့်မောင်သည် တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင် ဝန်ကြီးများနှင့်အတူ ဌာနဆိုင်ရာ တာဝန်ရှိသူများ လိုက်ပါလျက် ယနေ့နံနက်ပိုင်းက ထားဝယ်ခရိုင်အတွင်း ကိုဗစ်-၁၉ ကာကွယ်၊ ထိန်းချုပ်ရေးလုပ်ငန်း ဆောင်ရွက်နေမှုများအား ကြည့်ရှုစစ်ဆေးခဲ့သည်။

 

ထို့နောက် ဝန်ကြီးချုပ် ဦးမြင့်မောင်နှင့် တာဝန်ရှိသူများက ထားဝယ်ခရိုင် ရေဖြူမြို့နယ်၊ မလွှဲတောင်ဂိတ်နှင့် ထားဝယ်မြို့နယ်၊ မေတ္တာမြို့၊ မေတ္တာဂိတ်များတွင် ကိုဗစ်-၁၉ ကာကွယ်၊ ထိန်းချုပ်ရေးလုပ်ငန်း ဆောင်ရွက်နေမှုများအား ကြည့်ရှုစစ်ဆေးခဲ့ပြီး မလွှဲတောင်ဂိတ်နှင့် မေတ္တာဂိတ်များတွင် ကိုဗစ်-၁၉ ကာကွယ်၊ ထိန်းချုပ်ရေးလုပ်ငန်းများ ဆောင်ရွက်နေသော ဝန်ထမ်းများအတွက် စားသောက်ကုန်များ၊ စရိတ်ထောက်ပံ့ငွေနှင့် ကျန်းမာရေးအထောက်အကူပြု ပစ္စည်းများပေးအပ်၍ အားပေးစကားပြောကြားကာ လိုအပ်သည်များ လမ်းညွှန်မှာကြားသည်။

 

ဆက်လက်၍ ဝန်ကြီးချုပ် ဦးမြင့်မောင်က ထားဝယ်မြို့၊ ရွှေဝယ်သီရိအားကစားခန်းမတွင် ကရင်ပြည်နယ်မှ ပြန်လည်ရောက်ရှိလာမည့် နေရပ်ပြန်များအား သက်ဆိုင်ရာမြို့နယ် Quarantine များသို့ မပို့ဆောင်မီ ယာယီထားရှိနိုင်ရန် စီစဉ်ဆောင်ရွက်ထားရှိမှု အခြေအနေများအား ကြည့်ရှုစစ်ဆေးပြီး လိုအပ်သည်များ လမ်းညွှန်မှာကြားခဲ့ကြောင်း သတင်းရရှိသည်။

 

ထားဝယ်ခရိုင်(ပြန်/ဆက်)