မင်းဘူး ၂ မေ
မကွေးတိုင်းဒေသကြီး၊ မင်းဘူးမြို့ရှိ ခရိုင်ပြည်သူ့ဆေးရုံကြီးသို့ Covid-19 ရောဂါ ကာကွယ် ထိန်းချုပ် ကုသရေးလုပ်ငန်းများတွင် အသုံးပြုရန်အတွက် မြန်မာနိုင်ငံ ပဲမျိုးစုံနှင့် နှမ်းကုန်သည်များအသင်းနှင့် ဦးစိုးပိုင် + ဒေါ်ခင်မြတ်ဆွေ (Paing Family International Co.,Ltd) မိသားစုတို့မှ ဆေးရုံသုံးပစ္စည်းများကို ယနေ့နံနက် ၉ နာရီက မင်းဘူးမြို့၊ ခရိုင်ပြည်သူ့ဆေးရုံကြီး အစည်းအဝေးခန်းမ၌ လာရောက်လှူဒါန်းခဲ့ကြောင်း သိရသည်။
အဆိုပါလှူဒါန်းမှုများကို မြန်မာနိုင်ငံ ပဲမျိုးစုံနှင့် နှမ်းကုန်သည်များအသင်းမှ တစ်ကိုယ်ရေကာကွယ်ရေးဝတ်စုံ အစုံ ၆၀၊ အပူချိန်တိုင်းကိရိယာ ၁ ခု၊ glasses (Soft) မျက်မှန် ၃၅ ခု၊ N95 နှာခေါင်းစည်း (Mask) အခု ၂၀၊ ခွဲစိတ်ခန်းသုံးနှင့် ဆေးရုံးသုံး နှားခေါင်းစည်း (Mask) အခု ၂၂၀၊ ဆေးရုံးသုံးခြေအိတ် ၃၆ စုံ၊ Hand Gel ၁၀ ဘူး၊ ကုလားပဲအခြမ်း တစ်ကီလို ၁၅ ထုပ်နှင့် ပဲစဉ်းငုံအခြမ်း တစ်ကီလို ၁၅ ထုပ်တို့ကိုလည်းကောင်း၊ ဦးစိုးပိုင် + ဒေါ်ခင်မြတ်ဆွေ (Paing Family International Co.,Ltd) မိသားစုတို့မှ တစ်ကိုယ်ရေ ကာကွယ်ရေးဝတ်စုံ အစုံ ၂၀၊ မျက်မှန်အခု ၂၀၊ N95 နှာခေါင်းစည်း (Mask) အခု ၃၀၊ နှာခေါင်းစည်း (Mask) အခု ၅၀၀၊ လက်အိတ် အစုံ ၅၀၀၊ ခေါင်းစွတ်အခု ၂၀၊ ဆေးရုံသုံး ခြေအိတ် ၁၀ စုံနှင့် Hand Gel ၂ ဘူးတို့ကိုလည်းကောင်း လာရောက်လှူဒါန်းခဲ့ကြပြီး တာဝန်ရှိသူများက လက်ခံရယူကြသည်။ ထို့နောက် ခရိုင်ပြည်သူ့ဆေးရုံအုပ်ကြီးမှ ဂုဏ်ပြုမှတ်တမ်းလွှာ ပေးအပ်ခဲ့ပြီး ကျေးဇူးတင်စကား ပြန်လည်ပြောကြားခဲ့သည်။
ဆက်လက်၍ Covid-19 ရောဂါ ကာကွယ် ထိန်းချုပ် ကုသရေးလုပ်ငန်းများတွင် အသုံးပြုရန်အတွက် လှူဒါန်းသည့် ဆေးရုံသုံးပစ္စည်းများကို လိုအပ်သော ကုသရေးဌာနများသို့ ဆက်လက်ဖြန့်ဝေ ဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်း၊ အဆိုပါအလှူရှင်များမှ လှူဒါန်းမှုအားလုံးသည် စုစုပေါင်းတန်ဖိုးငွေကျပ် (၂၆)သိန်းခန့်ရှိကြောင်း မင်းဘူးမြို့၊ ခရိုင်ပြည်သူ့ဆေးရုံအုပ်ကြီး ဒေါက်တာတင့်ခိုင်ထံမှ သိရသည်။
မောင်မောင်(မင်းဘူး)


