ပုသိမ် ၂ မေ

 

ဧရာဝတီတိုင်းဒေသကြီး ပုသိမ်မြို့ ခုတင်(၅၀၀) အထွေထွေရောဂါကု ဆေးရုံကြီးတွင် COVID-19 ရောဂါ ကုသရေးအတွက် ခွဲစိတ်ခန်းတွင် အသုံးပြုရန် ငွေကျပ် ၁၇ သိန်း တန်ဖိုးရှိ Video Iaryngoscope အား PMA Care အဖွဲ့က ယနေ့ မွန်းလွဲ ၁ နာရီက ဒုတိယအကြိမ်မြောက် လာရောက်လှူဒါန်းရာ ဆေးရုံအုပ်ကြီး ဒေါက်တာသန်းမင်ထွဋ် (ပင်းတယမီးအိမ်ရှင်) က လက်ခံရယူခဲ့သည်။

 

လှူဒါန်းပွဲ၌ ပုသိမ်ဆေးရုံအုပ်ကြီးက ပုသိမ်ဆေးရုံတွင် မေ့ဆေးဆရာဝန် ၂ ဦးရှိသလို ခွဲခန်းလည်း သီးခြားစီ ၂ ခန်းရှိပြီး တစ်ခန်းနှင့်တစ်ခန်း နီးနီးနားနား မဟုတ်ကြောင်း၊ ဒီ Video Iaryngoscope ဆိုတာက COVID-19 လူနာအတွက်သာမဟုတ်ဘဲ မေ့ဆေးပေးရတဲ့ လူနာတိုင်းအတွက် အသုံးပြုလို့ရတဲ့ ပစ္စည်းဖြစ်ကြောင်း၊ ဒီလို လိုအပ်ချက်ရှိနေချိန်တွင် PMA Care အဖွဲ့က လာရောက်လှူဒါန်းပေးသည့်အတွက် ကျေးဇူးတင်ရှိပါကြောင်း၊ ဒီနေ့ သင်္ဘောသားများ စုစည်းတားတဲ့ Sea Rangers အဖွဲ့ကလည်း Surgical Gown ၃၀ နှင့် N-95 ၅၀ တို့ကို လှူဒါန်းခဲ့ကြောင်း၊ ၎င်းအဖွဲ့က ပုသိမ်က အပြန်တွင် ကန်ကြီးထောင့်၊ ကျောင်းကုန်း၊ ပန်းတနော်မြို့များကိုပါ ဝင်ရောက်လှူဒါန်းသွားမည်ကို သိရသည့်အတွက် ဝမ်းမြောက်ဂုဏ်ယူပါကြောင်း ပြောကြားခဲ့သည်။

                                                                              

ကိုတွတ် (ပြန်/ဆက်)