ပဲခူး ၃ မေ
ပဲခူးတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးဝင်းသိန်းသည် ယနေ့နံနက်ပိုင်းက ဌာနဆိုင်ရာ အကြီးအကဲများ နှင့်အတူ ပဲခူးမြို့ကလိ(၆)ထပ် ဆေးရုံအနီးတွင် ဖွင့်လှစ်ထားရှိသော COVID-19 Designated Hospital ဖြစ်သည့် ပဲခူးပြည်သူ့ဆေးရုံကြီး၏ COVID-19 PUI လူနာများထားရှိကုသပေးလျှက်ရှိသော ISolationUnit (ကလိ)သို့ သွားရောက်ကြည့်ရှုခဲ့သည်။
ဝန်ကြီးချုပ်နှင့်အဖွဲ့အား ပဲခူးဆေးရုံအုပ်ကြီး ဒေါက်တာရန်နိုင်မောင်မှ မိုးသည်းထန်စွာ ရွာသွန်းမှု ကြောင့် ဝင်/ထွက်လမ်းနှင့် ကားရပ်နားရန်မြေနေရာသည် ပျက်စီးမှုရှိနေပြီး လူနာတင်ကားများ အပါ အဝင် ကျန်းမာရေးဝန်ထမ်းများ၏ ကား/ဆိုင်ကယ်များဝင်ထွက်ရပ်နားခြင်းတို့အတွက် အဆင်မပြေမှုနှင့် အဆောက်အဦအတွင်း လူနာခန်းများ၊ ဆရာဝန် သူနာပြုဂျူတီခန်းများသို့ မိုးရေဝင်ရောက်မှုအခြေအနေ၊ COVID-19 PUIလူနာများထားရှိကုသပေးမှုအခြေအနေ၊ အဆိုပါလူနာများမီးဖွားရန်နှင့် ခွဲစိတ် ကုသရန်လိုအပ်ပါက အရေးပေါ်သားဖွားခန်းနှင့်ခွဲစိတ်ခန်း ပြင်ဆင်ဆောင်ရွက်နေမှုအခြေအနေ၊ မိုးတွင်းကာလ သွားလာမှုအဆင်ပြေစေရန် လူနာဆောင်နှင့် ပတ်ဝန်းကျင်ကို ရေနစ်မြုပ်မှု မဖြစ်ပေါ်စေရန် ရေချိုမပြတ်ရရှိစေရန် လိုအပ်မှုအခြေအနေများနှင့် သက်ဆိုင်ရာဌာန ဆိုင်ရာများ ကလည်း ဆောင်ရွက်ပေးနိုင်မည့်အခြေအနေများကို ရှင်းလင်းတင်ပြခဲ့ကြသည်။
ထို့နောက် ဝန်ကြီးချုပ်က Isolation Unit (ကလိ)တွင် ကိုဗစ်-၁၉ ရောဂါ လူနာများ မီးဖွားရန်နှင့် ခွဲစိတ်ကုသရန် အရေးပေါ်သားဖွားခန်းနှင့် ခွဲစိတ်ခန်းပြင်ဆင်ဆောင်ရွက်နေမှုကို သက်ဆိုင်ရာ အထူးကု/ ပညာရှင်များ၏ လုပ်ငန်းလိုအပ်ချက်အရ ဆက်လက်ဆောင်ရွက်ရန်၊ ကျွမ်းကျင် အင်ဂျင်နီယာများနှင့် ညှိနိုင်းတိုင်ပင် ဆောင်ရွက်ရန်၊ လိုအပ်ပါကတိုင်းဒေသကြီးအစိုးရအဖွဲ့သို့တင်ပြရန်၊ မိုးတွင်း ကာလ၌ ISolationUnit သို့ လူနာတင်ကားများအပါအဝင် ကျန်မာရေးဝန်ထမ်းများ အခက်အခဲမရှိသွားလာနိုင်ရန် အဝင်/အထွက်လမ်းပြင်ဆင်ရေးအတွက် လမ်းဦးစီးဌာနမှကြီးကြပ်ဆောင်ရွက်ရန်၊ ISolationUnit ဝန်းကျင်အား မိုးတွင်းကာလ ရေနစ်မြှုပ့်မှုမရှိစေရေး ရေနှုတ်မြောင်းတူးဖော်ပေးရန်နှင့် ရေချိုရရှိရေး တို့အတွက် ဆည်မြောင်းဦးစီးဌာနမှ ကူညီပေါင်းစပ်ညှိနိုင်းပေးရန်၊ ဆေးရုံကြီးတစ်ခုလုံး လုံလောက်သော လျှပ်စစ်ဓာတ်အားများ(၂၄)နာရီရရှိစေရေးအတွက် လျှပ်စစ်ဌာနမှ ဆောင်ရွက်ပေးရန် နှင့် လမ်းညွှန်မှာကြားခဲ့ပြီး အဝင်/အထွက်ကားလမ်း ပြန်လည်ပြုပြင်ရမည့်အနေအထားအား ကြည့်ရှုခဲ့ကြကြောင်း သိရသည်။
တင်စိုး(ပဲခူး)


