ငဖဲ  ၃  မေ

 

မကွေးတိုင်းဒေသကြီး မင်းဘူးခရိုင် ငဖဲမြို့နယ် သစ်တောဦးစီးဌာနမှ  မိုးရာသီတွင်သစ်ပင်များ စိုက်ပျိူးရန်အတွက် မြို့မပျိုးဥယျာဉ်နှင့် တောင်ပေါ်ဘိနယ် ပျဉ်းဝသစ်တောပျိုးဥယျာဉ်တွင် ပျိုးပင်ပေါင်း ၇ သောင်းကျော် ပျိူးထောင်ထားရှိလျက်ရှိကြောင်း သိရသည်။

 

369

 

ငဖဲမြို့နယ်ရှိ မြို့မပျိုးဥယျာဉ်တွင် ခရေ၊ ဗန်ဒါ၊ ကံ့ကော်၊ ရှား၊ မဲဇလီ၊ သင်းဝင်၊ လိန်၊ ဖလံ၊ စိန်ပန်းနှင့် ကုက္ကိုလ်ပင် (၂၅၀ဝ၀)နှင့် ပျဉ်းဝသစ်တောပျိုးဥယျာဉ်တွင် ယူကလစ်၊ မဲဇလီနှင့် မြောင်ငိုပင် (၅၃၉၃၀)ပင် ကို ပျိူးထောင်ထားရှိသည်။

 

၂၀၂၀ပြည့်နှစ် မိုးရာသီတွင် ပျိုးပင်ပေါင်း(၇၈၉၃၀)ပင်ကို ကျေးရွာသုံး ထင်းစိုက်ခင်းဧက (၃၀)အတွက် ယူကလစ်ပင် (၃၉၉၃၀)၊ သီးနှံသစ်တော ရောနှောစိုက်ခင်း ၁၀ ဧကတွင်စိုက်ပျိုးရန် ယူကလစ် ပင်(၂၀ဝ၀)၊ ရေဝေရေလဲ စိုက်ခင်းများအတွက် မဲဇလီပင်(၇၂၀ဝ)၊ မျောက်ငိုပင်(၄၈၀ဝ)နှင့် မိုးရာသီ လူထုလှုပ်ရှားမှုအဖြစ် ဌာနဆိုင်ရာ၊ ကပစ(၁၄)နှင့် ပြည်သူလူထုမှ စိုက်ပျိုးရန် ခရေ၊ ဗန်ဒါ၊ ကံ့ကော်၊ ရှား၊ မဲဇလီ၊ သင်းဝက်၊ လိန်၊ ဖလံ၊စိန်ပန်းနှင့်ကုက္ကိုပင်(၂၅၀ဝ၀)ကို မိုးရွာသွန်းမှုအခြေအနေပေါ် မူတည်၍ စိုက်ပျိုးဆောင်ရွက်နိုင်ရေး စီစဉ်ထားရှိကြောင်း မြို့နယ်သစ်တောဦးစီးဌာန ဦးစီးမှူးဦးမိုးအာကာကျော် ထံမှသိရသည်။

 

မယု(ငဖဲ)

 

1106