မုံရွာ  ၃  မေ

 

စစ်ကိုင်းတိုင်းဒေသကြီး၊ မုံရွာခရိုင်၊ မုံရွာမြို့နယ်အတွင်းရှိ အခြေခံပညာကျောင်းများတွင် ၂၀၂၀-၂၀၂၁ ပညာသင်နှစ်အတွင်း ဓာတုကင်းလွတ် ကျောင်းဝင်းဥယျာဉ်စိုက်ခင်းများ ဖော်ဆောင်ပေးနိုင်ရန် စီစဉ်လျက်ရှိကြောင်း မုံရွာမြို့နယ်စိုက်ပျိုးရေးဦးစီးဌာနမှမြို့နယ်ဦးစီးမှူး ဒေါ်အမာကြည်က ပြောသည်။

 

 ““ သီးပင်စားပင်တွေကို ဘယ်လိုစိုက်ပျိုးရတယ်၊ ဓာတုကင်းလွတ်တဲ့ အသီးအနှံတွေရဖို့အတွက် မြေဆီ တွေ၊ ပိုးသတ်ဆေးတွေ ဘယ်လိုသုံးရသလဲ အပင်တွေရှင်သန်ကြီးထွားဖို့ ဘယ်လိုပြုစု ပျိုးထောင်ရသလဲ ဆိုတာကို အပင်တွေစိုက်ပျိုးရင်းနဲ့ သင်ကြားပေးမှာ ဖြစ်ပါတယ်၊ ဓာတုကင်းလွတ် ကျောင်းဝင်းဥယျာဉ် စိုက်ခင်းကို ကျောင်းသား ကျောင်းသူတွေ၊ ဆရာ ဆရာမတွေ စိုက်ပျိုးရေး ဦးစီးဌာနက ဝန်ထမ်းတွေနဲ့ ပူးပေါင်းပြီးတော့ အကောင်အထည် ဖော်ဆောင်ပေးမှာ ဖြစ်ပါတယ်”” ဟု မုံရွာမြို့နယ် စိုက်ပျိုးရေး ဦးစီးဌာနမှ မြို့နယ်ဦးစီးမှူး ဒေါ်အမာကြည်က ပြောသည်။

 

ကျောင်းသား/သူများ စုပေါင်းလုပ်ဆောင်သည့် အလေ့အကျင့်ကောင်းများ ဖြစ်ပေါ်လာစေရန်၊ စိုက်ပျိုးရေးဆိုင်ရာ အလေ့အကျင့်ကောင်းများ (GAP)စနစ်ဖြင့် စိုက်ပျိုးသည့် အလေ့အကျင့်ကောင်းများ ဖြစ်ပေါ် လာစေရန်၊ ကျောင်းသား/သူများမှတဆင့် ဓာတုကင်းလွတ်သည့် အသီးအနှံ ဈေးကွက်တစ်ခု ပေါ်ပေါက်ရေးကို အထောက်အကူဖြစ်စေရန် ရည်ရွယ်လုပ်ဆောင်ပေးခြင်းဖြစ်ကြောင်း သိရသည်။

 

ဝင်းဦး(ဇေယျာတိုင်း)