ပင်းတယ  ၃   မေ   

 

ရှမ်းပြည်တောင်ပိုင်း ဓနုကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ ပင်းတယမြို့နယ် ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာနမှ ၂၀၁၉-၂၀၂၀ ဘဏာနှစ်တွင် အကောင်အထည်ဖော်ဆောင်ရွက် လျက်ရှိသည့် သောက်သုံးရေရှားပါးသည့် ကျေးရွာများ၌ နေအိမ်အရောက် ရေပေးဝေရေးလုပ်ငန်း များ ရာနှုန်းပြည့် ပြီးစီးနေမှုကို ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာန ပြည်နယ်ဦးစီးမှူး ဦးမောင်ဝင်းနှင့် ခရိုင်ဦးစီးမှူး ဦးရန်မျိုးနိုင်တို့က ယမန်နေ့က ကွင်းဆင်းစစ်ဆေးခဲ့ကြောင်း သိရသည်။

 

ပင်းတယမြို့နယ်အတွင်းရှိ ကျေးရွာအများစုမှာ စိုက်ပျိုးရေးကို အဓိကထား၍ လုပ်ကိုင်ကြပြီး ရေပေးရေး လုပ်ငန်းဖြစ်သည့် အင်းငယ်ကျေးရွာတွင် စိမ့်စမ်းရေ သွယ်ယူခြင်းလုပ်ငန်းကို ကျေးရွာနေ ပြည်သူတို့၏ ပူးပေါင်းပါဝင်မှုဖြင့် နေအိမ်အရောက် ရေမီတာ တပ်ဆင်စနစ်ခြင့် အောင်မြင်စွာ ဆောင်ရွက်နိုင်ခဲ့ပြီး ကူးကော်ကျေးရွာအုပ်စု စံသီးကုန်းကျေးရွာ ကုန်ထုတ်လမ်းအရှည် ၃ မိုင်ခွဲ ဆောင်ရွက် ပြီးစီးမှု ရာနှုန်းပြည့်ပြီးစီးနေမှု အခြေအနေများတို့ကိုလည်း ပြည်နယ်ဦးစီးမှူး ဦးမောင်ဝင်း အဖွဲ့တို့က ကွင်းဆင်းစစ်ဆေးခဲ့ရာ ပင်းတယမြို့နယ် ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာနမှ မြို့နယ်ဦးစီးမှူး ဦးအောင်ကျော်က လိုက်လံရှင်းလင်းပြသပေးခဲ့ကြောင်းလည်း သိရသည်။

 

ခင်မျိုးနွယ်(ပင်းတယ)