မင်းလှ  ၃    မေ   

  

မကွေးတိုင်းဒေသကြီး ၊ သရက်ခရိုင် ၊ မင်းလှမြို့နယ်စည်ပင်သာယာရေးအဖွဲ့မှ ၂၀၁၉ - ၂၀၂၀ ဘဏ္ဍာရေးနှစ် ၊ ဌာနခွင့်ပြုငွေလုံးငွေရင်းဖြင့် မြို့တွင်း၌ မိုးရာသီကာလ ရေတိုက်စားမှုကြောင့် လမ်းပျက်စီးမှုများ မဖြစ်ပွားစေရေးအတွက် မင်းလှမြို့၊ ခံတပ်ကြီးလမ်း(ဒု)ပိုင်းလမ်းချဲ့ ကျောက်စီ မြေထိန်းနံရံ တည်ဆောက်ခြင်းလုပ်ငန်း အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိရာ ယခုအခါ ၉၀ ရာခိုင်နှုန်းခန့် တည်ဆောက်ပြီးစီးသွားပြီဖြစ်ကြောင်း မင်းလှမြို့နယ်စည်ပင်သာယာရေး အဖွဲ့ရုံးမှ သိရသည်။

 

မင်းလှမြို့ ၊ ခံတပ်ကြီးလမ်းသည် ယခင်က မိုးရာသီကာလများတွင် မိုးရေးတိုက်စားမှုကြောင့် လမ်းများ ပျက်စီးခြင်းနှင့် လမ်းမပေါ်သို့ ရေများစီးဆင်းမှုကြောင့် ရပ်ကွက်နေပြည်သူများ  မြို့တွင်း သွားလာရာတွင် အခက်အခဲများနှင့် ကြုံတွေ့နေရကြောင်း သိရ၍ ယခုနှစ်တွင် မြို့နယ်စည်ပင် သာယာရေးအဖွဲ့မှ ရပ်ကွက်နေပြည်သူများ မြို့တွင်းဖြတ်သန်းသွားလာရာတွင် စိတ်အနှောက်အယှက် မဖြစ်စေရန်နှင့် မြို့တွင်းလမ်းများ မိုးရေတိုက်စားမှုဘေးမှ ကင်းဝေးစေရန် ရည်ရွယ်၍ ၂၀၁၉ - ၂၀၂၀ ဘဏ္ဍာရေးနှစ် ၊ ဌာနခွင့်ပြုငွေလုံးငွေရင်း ရန်ပုံငွေကျပ် ၃၁၁ ဒသမ ၃ သိန်းဖြင့် မင်းလှမြို့၊ ခံတပ်ကြီးလမ်း (ဒု)ပိုင်း အရှည်ပေ ၅၉၀ ပေ အား အကျယ် ၆ ပေ ၊ အမြင့် ၅ ပေ ကျောက်စီမြေထိန်းနံရံ တည်ဆောက်ခြင်း လုပ်ငန်းအား တာဝန်ခံအင်ဂျင်နီယာ ဦးညီညီထွန်း၏ ဦးဆောင်ကြီးကြပ်မှုဖြင့် အကောင်အထည်ဖော် ဆောင်ရွက်နေခြင်းဖြစ်ကြောင်း သိရသည်။ 

 

အဆိုပါ မင်းလှမြို့၊ ခံတပ်ကြီးလမ်း(ဒု)ပိုင်းအား ရေတိုက်စားမှုအန္တရာယ်ကင်းဝေးစေရေး ကျောက်စီ မြေထိန်းနံရံ တည်ဆောက်နေမှုလုပ်ငန်း ဆောင်ရွက်ပြီးစီးမှု အခြေအနေအား ယနေ့နံနက်ပိုင်းက မြို့နယ်စည်ပင်သာယာရေး ကော်မတီဉက္ကဋ္ဌ ဦးကြည်ဌေး ၊ မြို့နယ်စည်ပင်သာယာရေးအဖွဲ့ အမှုဆောင် အရာရှိ လက်ထောက်ညွှန်ကြားရေးမှူး ဒေါ်နွယ်နွယ်အေးနှင့် တာဝန်ရှိသူများက ကြည့်ရှုစစ်ဆေးရာ တာဝန်ခံ အင်ဂျင်နီယာ ဦးညီညီထွန်း က လက်ရှိလုပ်ငန်းဆောင်ရွက်ပြီးစီးမှုနှင့် အချိန်မီ ပြီးစီးရေး ဆက်လက်ဆောင်ရွက်မည့် လုပ်ငန်းအစီအမံများကို ရှင်းလင်းတင်ပြပေးခဲ့ကြောင်း သိရသည်။

 

ရဲဝင်းနိုင်