ကြည့်မြင်တိုင် ၃ မေ

 

ကိုဗစ် ၁၉ ရောဂါဖြစ်ပွားနေစဉ် ကာလအတွင်း သာမန်ဖျားနာလူနာများအား အခမဲ့ဆေးကုသပေးနိုင်ရန်အတွက် ကြည့်မြင်တိုင်မြို့နယ် အခြေစိုက် ပရဟိတနှလုံးသားနှင့် ရှင်သန်ခြင်းပရဟိတအဖွဲ့တို့က ဦးဆောင်၍ မြို့နယ်မှတာဝန်ရှိသူများ၊ အလှူရှင်များ၏ ပံပိုးကူညီမှုဖြင့် FEVER CLINIC ဆေးခန်းဖွင့်ပွဲ အခမ်းအနားကို မေ ၃ ရက်နံနက် ၈ နာရီခွဲတွင် ကြည့်မြင်တိုင်မြို့နယ် ကျောင်းကြီးလမ်းရှိ မဟာပုညောပကာရ ဓမ္မာရုံတွင်ပြုလုပ်ခဲ့သည်။

 

အဆိုပါ ဆေးခန်းသို့ နေ့စဉ် ပိတ်ရက်မရှိ နံနက်၉ နာရီမှ ၁၁ နာရီထိ မည်သူမဆို အခမဲ့လာရောက်ကုသမှုခံယူနိုင်ကြောင်း သိရသည်။

 

  တင်ဝင်းလေး(ကြည့်မြင်တိုင်)