အောင်လံ ၃  မေ

 

မကွေးတိုင်းဒေသကြီး `အောင်လံမြို့နယ် မီးသတ်ဦးစီးဌာနသည် ဒေသတွင်း မီးဘေး၊ ရေဘေး၊ မုန်တိုင်းဘေးနှင့် ငလျှင်ဘေးအန္တရာယ်များ ကျရောက်လာပါက ကူညီကယ်ဆယ်ရေးလုပ်ငန်းများကို ချက်ချင်း ဆောင်ရွက်နိုင်ရေးအတွက် ပြင်ဆင်ဆောင်ရွက်ခြင်းနှင့် ကိရိယာများဖြင့် လက်တွေ့လေ့ကျင့်ခြင်းလုပ်ငန်းများကို     မေလ(၃)ရက်နေ့ နံနက်ပိုင်းက မြို့နယ်မီးသတ်ဦးစီးဌာနရုံးရှေ့တွင် ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

 

အဆိုပါဆောင်ရွက်မှုတွင် မြို့နယ်မီးသတ်ဦးစီးဌာနမှူး ဦးထက်ဇော်မင်းနှင့် ဒုဦးစီးမှူး ဦးထွန်းထွန်းဇော်တို့  ဦးဆောင်သော မီးသတ်တပ်ဖွဲ့ဝင်များသည်၊ ကူညီကယ်ဆယ်ရေးရေယာဉ်၊ ကူညီကယ်ဆယ်ရေး ကရိယာများကို အသုံးပြုလျှက် ရှာဖွေကယ်ဆယ်ရေးလုပ်ငန်းများ ဆောင်ရွက်ရာတွင်   လုပ်ငန်းများ အဆင်ပြေချောမွေ့စေရေးအတွက်  အသင်းစုဖွဲ့လေ့ကျင့်နည်းများဖြင့် ဇာတ်တိုက်လေ့ကျင့်ကြခြင်းဖြစ်ကြောင်း  သိရသည်။

 

သိန်းလွင်(အောင်လံ)