ပခုက္ကူ   ၃  မေ 

 

ပခုက္ကူမြို့နယ်၊ ကျွန်းချောင်းသဘာဝဓာတ်ငွေ့သုံးဓာတ်အားပေးစက်ရုံတွင်IPP(B0D)စနစ် ဖြင့် ၂၀ ဒသမ ၅၄ မဂ္ဂါဝပ်ထွက်ရှိမည့် သဘာဝဓာတ်ငွေ့သုံး ဓာတ်အားပေး စက်ရုံတည်ဆောက်ခြင်း စီမံကိန်း မကြာမီ ပြီးစီးမည်ဖြစ်သည်။

 

လျှပ်စစ်နှင့် စွမ်းအင်ဝန်ကြီးဌာန၊ လျှပ်စစ်ဓာတ်အား ထုတ်လုပ်ရေးလုပ်ငန်းသည် တိုးတက်သုံး စွဲလာမည့် နိုင်ငံတော် လျှပ်စစ်ဓာတ်အား လိုအပ်ချက်ကို ဖြည့်ဆည်းရန်အတွက် နည်းလမ်းမျိုးစုံဖြင့် ဆောင်ရွက်လျှက်ရှိရာ သဘာဝဓာတ်အားငွေ့သုံး ဓာတ်အားပေစနစ် တစ်ခုအပါအဝင်ဖြစ်သည်။

 

963

 

ပခုက္ကူမြို့နယ် ကျွန်းချောင်းသဘာဝဓာတ်ငွေ့သုံး ဓာတ်အားပေးစက်ရုံတွင်  IPP(B0D) စနစ် ဖြင့်  ၂၀ ဒသမ ၅၄ မဂ္ဂါဝပ်ထွက် ရှိမည့် သဘာဝဓာတ်ငွေ့သုံးစက်ရုံစီမံကိန်းကို The consortium of vpower Group Holdings Ltd and vpower  Holdings Ltd တို့က ဆောင်ရွက်လျှက်ရှိရာ မကြာမီစမ်းသပ် လည်ပတ်တော့မည်ဖြစ်သည်။

 

လက်ရှိ အသုံးပြု လည်ပတ်နေသောစက်မှာ နှစ်ကာလရှည်ကြာလာသည်နှင့်အမျှ ၄ မဂ္ဂါဝပ်ခန့်သာ ထွက်ရှိတော့ကြောင်း ကျွန်းချောင်း သဘာဝဓာတ်ငွေ့သုံး ဓာတ်အားပေးစက်ရုံ ၊အင်ဂျင်နီယာမှူးကြီး ဦးမျိုးသီဟ၏ ပြောပြချက်အရ သိရသည်။

 

ကျွန်းချောင်း သဘာဝဓာတ်ငွေ့သုံး ဓာတ်အားပေး စက်ရုံမှ ထွက်ရှိသော လျှပ်စစ်ဓာတ်အားများကို နိုင်ငံတော် ဓာတ်အားစနစ်ထဲသို့ ပို့လွှတ်ပေးလျှက်ရှိကြောင်း သိရသည်။

 

ကိုဇော်(ဓာတု)

 

9635