ပလောက် ၃ မေ
သွေးလွန်တုပ်ကွေး ရောဂါနှင့် ခြင်ကြောင့်ကူးစက်တတ်သော ရောဂါများ အန္တရာယ်မှ ကြိုတင် ကာကွယ်နိုင်ရေးအတွက် တနင်္သာရီတိုင်းဒေသကြီး၊ မြိတ်ခရိုင်၊ ပလောက်မြို့ စည်ပင်သာယာ ဈေးကြီးအတွင်းရှိ ဈေးဆိုင်ခန်းများ၊ ခြင်ခိုအောင်းနိုင်သော နေရာများ၌ ယနေ့ နံနက်ပိုင်းက ခြင်ဆေးဖြန်းခြင်းလုပ်ငန်း ဆောင်ရွက်ခဲ့သည်။
ပလောက်မြို့ စည်ပင်သာယာရေး ဦးစီးဌာနမှ မြို့တာဝန်ခံ ဦးသွင်စည်သူကျော်ထွေးနှင့် ဝန်ထမ်းများက ဦးဆောင်၍ စည်ပင်သာယာ ဈေးကြီးအတွင်း/ အပြင်၌ ခြင်ဆေးဖြန်းခြင်းလုပ်ငန်း ဆောင်ရွက်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
နှင်းမြူလွင် (ပလောက်ပြန်/ဆက်)


