ကျိုက်ထို ၃ မေ 

 

ကျိုက်ထီးရိုးတောင် ကုန်ထမ်း/လူထမ်း ကော်မတီအဖွဲ့မှ ကိုဗစ်-၁၉ ကူးစက်ရောဂါကြောင့် အလုပ်လက်မဲ့ဖြစ်နေသည့် ကုန်ထမ်း/ လူထမ်း အခြေခံလူတန်းစားများ စားသောက်ရေး အဆင်ပြေစေရန် ယနေ့ နံနက်ပိုင်းက ဆန်၊ ဆပ်ပြာနှင့် နှာခေါင်းစည်းများ ဝေငှခဲ့ကြောင်း သိရသည်။

 

ကျိုက်ထီးရိုးတောင် ကုန်ထမ်း/လူထမ်း ကော်မတီဥက္ကဋ္ဌ ဦးသီဟအောင် (ဒုတိယမြို့နယ် အုပ်ချုပ်ရေးမှူး)၊ ကင်မွန်းချောင်း နယ်မြေစခန်းမှူး ရဲအုပ်ဇော်ဇင်ဦး၊ ကျေးရွာအုပ်ချုပ်ရေးမှူး ဦးမင်းညွှန့်၊ မြို့မကုန်တင် ကုန်ချအဖွဲ့ ဥက္ကဋ္ဌ ဦးသန်းစိုး နှင့် ကော်မတီဝင်များက အလုပ်သမား တစ်ဦးလျှင် ဆန် (၅) ပြည်ဝင် တစ်အိတ်အပါအဝင် ဆပ်ပြာနှင့် နှာခေါင်းစည်းများကို အလုပ်သမားများရှိရာ ကင်မွန်းချောင်းကျေးရွာ ရသေ့တောင်စခန်း ကျိုက်ထီးရိုး လမ်းဆုံသို့ သွားရောက် ဝေငှခဲ့ရာ စုစုပေါင်းဆန်အိတ် (၆၀၀)  ဝေငှပေးခဲ့ကြောင်း သိရသည်။

 

ဝင်းမောင်(ကျိုက်ထို)