ညောင်ရွှေ ၃ မေ 

 

ရှမ်းပြည်နယ်(တောင်ပိုင်း) ညောင်ရွှေမြို့နယ်တွင် နွေစပါးစိုက်ဧက ၁၃၆၂၇ ဧက စိုက်ပျိုးပြီးစီးကာ အောင်မြင်ဖြစ်ထွန်းလျက်ရှိကြောင်း မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနမှ သိရသည်။

 

ညောင်ရွှေမြို့နယ်တွင် နွေစပါးကို ဖေဖော်ဝါရီနှင့် မတ်လမှစ၍ စတင်စိုက်ပျိုးခဲ့ပြီး ဇွန်လနှင့် ဇူလိုင်လတွင် ရိတ်သိမ်းမည်ဖြစ်ကြောင်း၊ စိုက်ပျိုးချိန်တွင် စိုက်ပျိုးရေ လွယ်ကူအဆင်ပြေစွာ ရရှိခဲ့သောကြာင့် စိုက်ဧကအားလုံး အောင်မြင်စွာ ဖြစ်ထွန်းလျက်ရှိသည်။

 

ထို့ပြင် မိုးစပါးအတွက်လည်း လာမည့်လမှစတင်၍ ပျိုးထောင်ပြင်ဆင်မှုများ ဆောင်ရွက်ကြမည်ဖြစ်ပြီး မိုးစပါးစိုက်ဧက ၁၆၅၅၁ ဧကရှိကြောင်း၊ မျိုးကောင်းမျိုးသန့်များ တောင်သူလက်ဝယ်ရောက်ရှိရေး၊ GAP စနစ်ဖြင့် စိုက်ပျိုးနိုင်ရေးတို့ကို ကွင်းဆင်းဆောင်ရွက်ပေးခဲ့ကြောင်း စိုက်ပျိုးရေးဦးစီးဌာန မြို့နယ် ဦးစီးမှူး ဦးပက်ထရစ်ဗြူးက ပြောသည်။

 

ညောင်ရွှေမြို့နယ်တွင် စိုက်ပျိုးဧက ၆၆၀၀၀ ကျော်ရှိပြီး အဓိက စိုက်ပျိုးသီးနှံများမှာ စပါး၊ အစေ့ထုတ်ပြောင်း၊ နေကြာ၊ ကြံနှင့် ခရမ်းချဉ်တို့ဖြစ်ကြောင်း သိရသည်။

 

နေမျိုးသူရိန်