မြောင်းမြ    ၄   မေ

 

မေလ(၅)ရက်နေ့တွင် ကျရောက်မည့် (၇၄)နှစ်မြောက် မြန်မာနိုင်ငံမီးသတ်တပ်ဖွဲ့နေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် မြောင်းမြ ခုတင် (၂၀ဝ) ပြည်သူ့ဆေးရုံ၌ ယနေ့  နံနက် (၉)နာရီကစုပေါင်း သွေးလှူဒါန်းပွဲ ကျင်းပသည်။

 

"မြန်မာ မီးသတ်တပ်ဖွဲ့နေ့ကို ဂုဏ်ပြုကြိုဆိုတဲ့အနေနဲ့ ခရိုင်/မြို့နယ်မှမီးသတ်တပ်ဖွဲ့ဝင်များ၊ မိသားစုဝင်များ၊အရန်မီးသတ်တပ်ဖွဲ့ဝင်များက မြောင်းမြ ပြည်သူ့ဆေးရုံကြီးမှာ တက်ရောက်ကုသနေတဲ့ လူနာတွေအတွက် လိုအပ်တဲ့သွေးကို လာရောက်လှူဒါန်းကြခြင်း ဖြစ်ပါတယ်"ဟု မြောင်းမြမြို့နယ် မီးသတ်ဦးစီးမှူး ဦးသန့်ဇင်မင်းက ပြောကြားသည်။

 

အဆိုပါ စုပေါင်းသွေးလှူဒါန်းမှုကို ခရိုင်မီးသတ်ဦးစီးမှူး ဦးအေးလွင်၊ မြို့နယ်မီးသတ်ဦးစီးမှူး ဦးသန့်ဇင်မင်း ဦးဆောင်၍  ခရိုင်/မြို့နယ်မှတပ်ဖွဲ့ဝင်များ၊ မိသားစုဝင်များ၊ အရန်မီးသတ်တပ်ဖွဲ့ဝင်များက စုပေါင်း သွေးလှူဒါန်းခဲ့ကြရာ ဆေးရုံအုပ်ကြီး ဒေါက်တာနှစ်ဆန်းဦးနှင့် ဓါတ်ခွဲဌာနမှ ဆရာဆရာမများက ကူညီဆောင်ရွက်ပေးခဲ့ကြကြောင်း သိရသည်။

 

အောင်မင်း (မြောင်းမြ)