ပန်းတနော် ၄ မေ
ကိုဗစ်-၁၉ ရောဂါ ကူးစက်ပြန့်ပွားမှုမရှိစေရေး ကြိုတင်ကာကွယ်ရေးတို့အတွက် ဧရာဝတီတိုင်းဒေသကြီး၊ မအူပင်ခရိုင်၊ ပန်းတနော်မြို့နယ်အတွင်းရှိ လုပ်သား(၅၀ဝ) အောက်ရှိသော စက်ရုံအလုပ်ရုံများအား မေလ ၁ ရက်နေ့မှစတင်၍ သက်ဆိုင်ရာတာဝန်ရှိသူများက လိုက်လံစစ်ဆေးလျက်ရှိသည်။
ကိုဗစ်-၁၉ ရောဂါ ကူးစက်ပြန့်ပွားမှု မရှိစေရေး ကြိုတင်ကာကွယ်ထိန်းချုပ်ရေးလုပ်ငန်းများ ဆောင်ရွက်လျက်ရှိရာ ခရိုင်အလုပ်သမားညွှန်ကြားရေးဦးစီးဌာန၊ ခရိုင်အလုပ်ရုံနှင့် အလုပ်သမားစစ်ဆေးရေးဦးစီးဌာန၊ မြို့နယ်အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာန၊ မြို့နယ်ကျန်မာရေးဦးစီးဌာန၊ မြို့နယ်စည်ပင်သာယာရေးအဖွဲ့၊ ငါးလုပ်ငန်းဦးစီးဌာနနှင့် လူမှုဖူလုံရေး အဖွဲ့တို့ပူးပေါင်း၍ ပန်းတနော်မြို့နယ် ဆက်သေကျေးရွာရှိ (သဘာဝမြေသြဇာစက်ရုံ)၊ ပသွယ်ကျေးရွာရှိ (ဟီးရိုးကွန်ကရစ်တိုင်လုပ်ငန်း)၊အင်းမကျေးရွာရှိ (မြစ်ဝဆန်စက်)၊ မြို့ကွက်သစ်ရပ်ကွက်ရှိ (မြင့်မြတ်အရက်ချက်စက်ရုံ)နှင့် (မြသိန်းတန်ဆန်စက်)၊ ဖူ(လ်)တန်မြန်မာ တို့အား ၎င်းတို့၏ လုပ်ငန်းများတွင် လက်ဆေးဘေစင်များ စနစ်တကျတပ်ဆင်ထားခြင်း ရှိ မရှိ၊ အလုပ်သမားများအလုပ် လုပ်ကိုင်ရာတွင် အနည်းဆုံး ခြောက်ပေအကွာ နေရာများ သတ်မှတ်ပေးထားခြင်း ရှိ မရှိ၊ Mask များတပ်ဆင်ပြီး အလုပ် လုပ်ကိုင်ခြင်း ရှိ မရှိ လိုက်လံစစ်ဆေးခဲ့ပြီး ကျန်မာရေးနှင့်အားကစား ဝန်ကြီးဌာနက ထုတ်ပြန်ထားသော ညွှန်ကြားချက်များ၊ သတင်းထုတ်ပြန်ချက်များကို လိုက်နာဆောင်ရွက်ကြရန်နှင့် ကိုဗစ်- ၁၉ ရောဂါနှင့် ပတ်သက်ပြီး လုပ်ငန်းရှင်များ၊ အလုပ်သမားများကို အသိပညာပေး ပြောကြားခဲ့သည်။
ပြည့်ဖြိုးကျော်(ပန်းတနော်)


