ဟင်္သာတ ၄  မတ်

 

ဧရာဝတီတိုင်းဒေသကြီး ဟင်္သာတမြို့နယ်တွင် တရုတ်နိုင်ငံမှ နေရပ်ပြန်လာသူများကို မတ် ၃ ရက်နံနက်ပိုင်းကစတင်ပြီး ၂၁ ရက် စခန်းသွင်း သီးသန့်စောင့်ကြည့်ထားကြောင်း မြို့နယ် အထွေထွေ အုပ်ချုပ်ရေး ဦးစီးဌာနမှ သိရသည်။

 

အဆိုပါနေရပ်ပြန်လာသူများကို စောင့်ကြည့်ရေးစင်တာအဖြစ်သတ်မှတ်ဆောင်ရွက်ထားသည့် ယုန်သလင်း(အထက)တွင် (၈)ဦး၊ အထက(ခွဲ)ကြာဂရက်တွင် (၁၀)ဦးနှင့် ဓမ္ဘီ(အထက)တို့တွင် (၂)ဦး စုစုပေါင်း (၂၀)ဦးတို့ကို့ သီးသန့်ထားရှိပြီး ကျန်းမာရေးစောင့်ရှောက်မှုများ ပြုလုပ်ပေးထားကြောင်း မြို့နယ်အုပ်ချုပ်ရေးမှူး ဦးမျိုးတင့်ဇော်ထံက သိရှိရသည်။

 

ဟင်္သာတမြို့နယ်တွင် ကိုရိုနာဗိုင်းရပ်စ်ရောဂါကြိုတင်ကာ ကွယ်ရေးအတွက် တရုတ်နိုင်ငံနှင့် ထိုင်းနိုင်ငံတို့မှ နေရပ်ပြန်လာသူများကို ဘေးအန္တရာယ်စီမံခန့်ခွဲမှုသင် တန်းကျောင်း၊ အထက(ဒူးယား)၊ ဓမ္ဘီ(အထက)၊ အထက(နတ်မော်)၊ အထက(ရှားခဲ)၊ တလုတ္ထော်(အထက)၊ အထက(ယုန်သလင်း)၊ အထက(ခွဲ)ကြာဂရက် နှင့် ဟင်္သာတတ က္ကသိုလ် စသည့် စုစုပေါင်းစောင့်ကြည့်ရေးစခန်း (၉)နေရာတွင် ထားရှိရန်ပြင်ဆင်ထားပြီး လက်ရှိစောင့်ကြည့်ရေးစခန်းဝင် နေရသူများကို သက်ဆိုင်ရာ ရပ်ကွက်/ကျေးရွာ အုပ်ချုပ်ရေးမှူးများ၊ ကျန်းမာရေးဝန်ထမ်းများ၊ ပရဟိတ အဖွဲ့များပူးပေါင်းပြီး စနစ်တကျထားရှိပေးနိုင်ရန်နှင့် အစားအသောက်စီစဉ်ဆောင်ရွက်ပေးခြင်း၊ ကျန်းမာရေးစစ်ဆေး စောင့်ရှောက်ပေးခြင်းများကို ပေါင်းစပ်ညှိနှိုင်းလုပ်ဆောင်ပေးနေပြီး မြို့နယ် ကိုဗစ်-၁၉ ရောဂါထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေး ကော်မတီအဖွဲ့များက အနီးကပ်ကြီးကြပ် ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

 

ကျော်ကျော်(ပြန်/ဆက်)