ကျုံပျော် ၄ မေ
ဧရာဝတီတိုင်းဒေသကြီး အစိုးရအဖွဲ့ ကရင်တိုင်းရင်းသားရေးရာဝန်ကြီး ဂါ့မိုးမြတ်မြတ်သူသည် မေ ၃ ရက် ညနေက ကျုံပျော်မြို့နယ် ပြည်သူ့ဆေးရုံသို့ ရောက်ရှိ၍ ကိုဗစ်-၁၉ ရောဂါကာကွယ်ရာတွင် အသုံးပြုရန် ကျန်းမာရေးဝန်ထမ်းများ အတွက် Mask များ လာရောက်လှူဒါန်းခဲ့ကြောင်း သိရသည်။
ရှေးဦးစွာ ဝန်ကြီးသည် ကိုဗစ်-၁၉ သံသယ လူနာများတွေ့ရှိပါက သီးသန့်ထားရှိရန် ဆောင်ရွက်ထားသည့် Isolated Room များသို့ သွားရောက်ကြည့်ရှုရာ မြို့နယ်ကျန်းမာရေးဦးစီးဌာနမှူး ဒေါက်တာတင်ဇော်ဝင်းက လိုက်လံရှင်းလင်းပြသပြီး ဝန်ကြီးက ကျန်းမာရေး ဝန်ထမ်းများ အသုံးပြုရန် Mask များ ပေးအပ်လှူဒါန်းခဲ့ကြောင်း သိရသည်။
ကိုဗစ်-၁၉ ရောဂါ ကာကွယ်ရေးအတွက်ကျုံပျော်မြို့နယ် ပြည်သူ့ ဆေးရုံတွင် Isolated Room (၁၄) ခန်း ဆောင်ရွက်ထားရှိပြီး ကျန်းမာရေးဝန်ထမ်းများအနေဖြင့်လည်း ရောဂါကာကွယ်ရေးအတွက် အသိပညာပေးခြင်း၊ လက်ကမ်းစာစောင်များ ဖြန့်ဝေခြင်း၊ ဒေသအလိုက်ကျန်းမာရေးစောင့်ရှောက်မှုများ ဆောင်ရွက်ပေးခြင်းတို့ကို ကျန်းမာရေးဝန်ထမ်း ၂၀ဝ ကျော်ဖြင့် ဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။
နေဝင်းမြင့်(ပြန်/ဆက်)


