ခန္တီး ၄ မေ
စစ်ကိုင်းတိုင်းဒေသကြီး ခန္တီးမြို့တွင် အနောက်မြောက်တိုင်းစစ်ဌာနချုပ် ခန္တီးတပ်နယ်မှ တပ်ပိုင်စိုက်ပျိုးမွေးမြူရေးမှ ထွက်ရှိသော အသား၊ ငါး၊ ကြက်ဥနှင့် ဟင်းသီးဟင်းရွက်များနှင့် တန်ဖိုးသင့် ထမင်း၊ ဟင်းကိုလည်း ပြင်ပပေါက်ဈေးထက် သက်သာသောဈေးနှုန်းဖြင့် ယနေ့နံနက် ၁၀ နာရီက ရုံးကြီးလမ်းဆုံ၌ ရောင်းချပေးလျက်ရှိသည်။
အဆိုပါ ရောင်းချပေးနေခြင်းကို ကိုဗစ်-၁၉ ကြိုတင်ကာကွယ်သည့်အနေဖြင့် လူများစုပြုံခြင်းမရှိအောင် သတ်မှတ်ထားသည့်နေရာတွင်သာ တန်းစီဝယ်ယူစေပြီး စနစ်တကျရောင်းချပေးလျက်ရှိကြောင်း သိရသည်။
စနေမောင်(ခန္တီး)


