ရန်ကုန် ၄ မေ
တောင်ဥက္ကလာပမြို့နယ် ကိုရိုနာဗိုင်းရပ်စ်ရောဂါ ကာကွယ်ထိန်းချုပ်ကုသရေးကော်မတီ နာယကများမှ မြို့နယ်အတွင်း ကိုရိုနာဗိုင်းရပ်စ် ကာကွယ်ရေးလုပ်ငန်းများတွင် ပါဝင်ဆောင်ရွက်နေကြသော ရပ်ကွက်အုပ်ချုပ်ရေးမှူးရုံးများမှ တာဝန်ရှိသူများနှင့် စောင့်ကြည့်စစ်ဆေးရေးဂိတ်များတွင် တာဝန်ထမ်းဆောင်နေသူများ အသုံးပြုနိုင်ရန်အတွက် ပြန်လည်လျှော်ဖွပ်အသုံးပြုနိုင်သော အဝတ်နှာခေါင်းစည်း ၆၅၀ ခုအား ယမန်နေ့က ရပ်ကွက်အုပ်ချုပ်ရေးမှူးရုံးများနှင့် စောင့်ကြည့် စစ်ဆေးရေးဂိတ်များသို့ သွားရောက်၍ လှူဒါန်းခဲ့သည်။
ထို့ပြင် မြို့နယ်အတွင်း မြေထိန်းနံရံတည်ဆောက်နေသော အလုပ်သမားများအား နှာခေါင်းစည်း ၈၀ ခုနှင့် မြို့နယ်အထွေထွေအုပ်ချုပ်ရေးမှူးရုံးမှ ဝန်ထမ်းများအား နှာခေါင်းစည်း ၄၀ ခု သွားရောက်လှူဒါန်း ခဲ့ကြောင်း သိရသည်။
နေထက်အောင်


