ချောင်းဆုံ   ၄   မေ

 

မွန်ပြည်နယ် ချောင်းဆုံမြို့နယ်တွင် ကိုရိုနာဗိုင်းရပ်(စ်)ရောဂါအခြေအနေကြောင့် ကျေးရွာများတွင် ပြေးဆွဲလျက်ရှိသည့် မော်တော်ယာဉ်လိုင်းများ ပြေးဆွဲနေမှုကို ယခင်ကလို ပုံမှန် ၂ နာရီခြားတစ်စီး ပြေးဆွဲနေမှုများ မရှိသော်လည်း ခရီးသည်အခြေအနေနှင့် ကုန်သည်တင်သည့် လိုင်းအပေါ်တွင် မူတည်ပြီး တစ်နေ့တစ်စီးနှုန်းဖြင့်သာ ပြေးဆွဲနေလျက်ရှိကြောင်း မြို့နယ်ယာဉ်လုပ်ငန်းများ ထိန်းသိမ်း ကြီးကြပ်ရေးကော်မတီအဖွဲ့မှ သိရသည်။

 

ချောင်းဆုံမြို့နယ်နှင့်မော်လမြိုင်မြို့ အောက်ဈေးသို့ ပြေးဆွဲနေသည့် လိုင်း(၁၀)လိုင်းရှိပြီး ဈေးကို ဦးတည်ပြေးဆွဲသည့် ကုန်စီလိုင်းယာဉ်လိုင်းများဖြစ်ကာ  ကိုရိုနာဗိုင်းရပ်(စ်)စတင်ဖြစ်ပွားသည့်အချိန်မှ စတင်ပြီး ယခုလက်ရှိ ပြေးဆွဲနေသည့် သက်ဆိုင်ရာလိုင်းတာဝန်ခံများကို ယာဉ်ပိုင်ရှင်၊ ဒရိုင်ဘာ၊ စပယ်ယာတို့ကို ယာဉ်လိုင်းပြေးဆွဲသည့်အခါမျိုးတွင် ခရီးသည်များကိုပါ ကားပေါ်တတ်ပြီးတိုင်း လက်ဆေးရန်နှင့် marks များတပ်ဆင်ရန် အသိပေးအကြောင်းကြားထားကြောင်း၊  မြို့နယ်ယာဉ် လုပ်ငန်းများထိန်းသိမ်းကြီးကြပ်ရေးကော်မတီရုံးအဖွဲ့မှူး ဦးရဲဏီလင်းက ပြောကြားသည်၊

 

ချောင်းဆုံတွင် ကျေးရွာများကို အခြေခံပြီး ပြေးဆွဲသည့်လိုင်းများဖြစ်သောကြောင့် ခရီးသွားသူများ မရှိသည့်တိုင်အောင် ကုန်စီစီးဆင်းမှုအနေဖြင့် သွားနေသည့် လိုင်းများရှိနေသည့်အတွက် ကုန်စီအနေဖြင့်သာပြေးဆွဲသည့် ယာဉ်လိုင်းများရှိနေကြောင်း၊ တချို့ကျေးရွာများတွင် ခရီးသွားလာ မှုနည်းပါးသဖြင့် ယခင်က တစ်နေ့ ၂ ခေါက်ထွက်ရာတွင် ယခုအခါ တစ်နေ့ ၁ ခေါက် နှုန်းဖြင့်သာ ပြေးဆွဲနေရကြောင်း၊ ချောင်းဆုံ-ရန်ကုန်ပြေးဆွဲသည့်လိုင်းများတွင် ရိုးရိုးလေး၊ အောင်ရတနာ၊ ရွှေစင်္ကြာ လိုင်းကားများ တရားဝင်စာ တင်ပြီး ပိတ်ထားတာတွေရှိနေကြောင်း မြို့နယ် ယ.ထ.က အဖွဲ့မှ သိရသည်။

 

ထူးအိမ်(ပြန်/ဆက်)