ဟင်္သာတ   ၄   မတ်

 

ဟင်္သာတခရိုင်ပြည်သူ့ဆေးရုံကြီးနှင့် မြို့နယ်ပြည်သူ့ကျန်းမာရေးဌာနတို့၌ ကိုဗစ်-၁၉ ရောဂါကာကွယ်ရေး လုပ်ငန်းများတွင် အသုံးပြုရန်အတွက် PPE ဝတ်စုံများ ပေးအပ်လှူဒါန်းပွဲကို ယမန်နေ့နံနက်ပိုင်းက ခရိုင်ပြည်သူ့ဆေးရုံကြီး အစည်းအဝေးခန်းမတွင် ပြုလုပ်ခဲ့ကြောင်း သိရသည်။

 

အဆိုပါ ပေးအပ်လှူဒါန်းမှုတွင် ရန်ကုန်တိုင်းဒေကြီး၊ တာမွေမြို့နယ်တိုင်းဒေသကြီး(၁) လွှတ်တော်ကိုယ်စားလှယ်ဦးလှသိန်းနှင့် အလှူရှင်ဦးခင်မောင်ထွေးတို့က ခရိုင်ပြည်သူ့ဆေးရုံကြီးအတွက် PPE ဝတ်စုံ (၇၀)စုံနှင့် မြို့နယ်ပြည်သူကျန်းမာရေးဌာနအတွက် PPE ဝတ်စုံ(၃၀)တို့ကို ခရိုင်ဆေးရုံအုပ်ကြီး ဒေါက်တာ ဌေးဌေးလှိုင်နှင့် မြို့နယ်ပြည်သူ့ကျန်းမာရေး ဦးစီးဌာနမှူး ဒေါက်တာအေးသန္တာကြည်တို့ လက်ဝယ်အရောက် ပေးအပ်လှူဒါန်းခဲ့‌သည်။

 

ပေးအပ်လှူဒါန်းရာသို့ ခရိုင်အုပ်ချုပ်ရေးမှူးဦးမျိုးအောင်၊  ဟင်္သာတမြို့နယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးခင်မောင်ရီ၊ အမျိုးသားလွှတ်တော်ကိုယ်စားလှယ် ဦးထိန်ဝင်း၊ တိုင်းဒေသကြီး(၁)လွှတ်တော်ကိုယ်စား လှယ်ဦးကျော်စိုးနှင့် ခရိုင်နှင့်မြို့နယ် ကိုဗစ်-၁၉ ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေးကော်မတီအဖွဲ့များ တက်ရောက်ခဲ့ကြကြောင်း သိရှိရသည်။

 

ကျော်ကျော်(ပြန်/ဆက်)