လေးမျက်နှာ   ၄   မေ

ဧရာဝတီတိုင်းဒေသကြီး၊ လေးမျက်နှာမြို့နယ် ပြည်သူ့ဆေးရုံသို့ တပ်မတော်မှ ကူညီထောက်ပံ့သော ကိုဗစ်-၁၉ ရောဂါကာကွယ်ရေးသုံးပစ္စည်းများနှင့် ဖြည့်စွက်အာဟာရများ ပေးအပ်လှူဒါန်းခြင်းကို မေ ၄ ရက် နံနက် ၉ နာရီက အနောက်တောင်တိုင်းစစ်ဌာနချုပ်၏ ကွပ်ကဲမှုအောက်ရှိ အမှတ်(၅) တပ်မတော်တန်းမြှင့် လေ့ကျင့်ရေးကျောင်း(ကွင်းကောက်)မှ ကျောင်းအုပ်ဆရာကြီး ဗိုလ်မှူးချုပ်ကျော်ကိုထိုက် ဦးဆောင်သော အဖွဲ့မှ အဆိုပါဆေးရုံသို့ လာရောက်လှူဒါန်းခဲ့ကြောင်း သိရသည်။

 

ထိုသို့ လှူဒါန်းရာတွင် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ရေးသုံး ဆက်စပ်ပစ္စည်းများဖြစ်သည့် HAND GEL (၂၀) ဘူး၊ ရာဘာလက်အိတ်ရှည် (၆၀)ခု၊ လက်သန့်ဆေးရည် (၆၀)ဘူးနှင့် အပူချိန်တိုင်းကရိယာ (၃)ခုတို့အား အမှတ်(၅) တပ်မတော်တန်းမြှင့်လေ့ကျင့်ရေးကျောင်း (ကွင်းကောက်)မှ ကျောင်းအုပ်ကြီး ဗိုလ်မှူးချုပ် ကျော်ကိုထိုက်မှ လေးမျက်နှာမြို့နယ်ပြည်သူ့ဆေးရုံသို့ထောက်ပံ့ပေးအပ်ရာ မြို့နယ်ဆရာဝန်ကြီး ​ဒေါက်တာ စုစုလှိုင်က လက်ခံရယူခဲ့ပြီး ဆရာဝန်ကြီးမှ ဂုဏ်ပြုမှတ်တမ်းလွှာ ပြန်လည်ပေးအပ်ခဲ့သည်။

 

ဆက်လက်၍ ဗိုလ်မှူးချုပ်ကျော်ကိုထိုက် ဦးဆောင်သောအဖွဲ့မှ မြို့နယ်ပြည်သူ့ဆေးရုံတွင် ‌တက်ရောက် ဆေးကုသမှုခံယူနေသော လူနာ(၂၁)ဦးအတွက် ကြက်ဥပြုတ်(၅၀)လုံး၊ ပေါင်မှုန့်(၂၅)လုံးနှင့် ငှက်ပျောသီး (၅)ဖီးတို့ကို လူနာများ၏ လက်ဝယ်အရောက် ပေးအပ်လှူဒါန်းခဲ့ကြောင်း သိရသည်။

ရွှေမိုး(ပြန်ဆက်)