လွိုင်လင်   ၄   မေ

 

ရှမ်းပြည်နယ်(တောင်ပိုင်း)လွိုင်လင်မြို့နယ် စိုက်ပျိုးရေးဦးစီးဌာနမှ ဒေသခံပြည်သူများအား ဉယျာဉ်ခြံမြေများ၌ စားဖိုဆောင်သုံး ဟင်းသီးဟင်းရွက်မျိုးစေ့များကို အခမဲ့ဖြန့်ဝေပေးနေကြောင်း သိရသည်။

 

မိဘပြည်သူများသည် ကိုဗစ်-၁၉ ကာလ၌ အိမ်မှာနေစဉ်အတွင်း စိတ်ဖိစီးမှုများပြေပျောက်စေရန် မိမိခြံဝင်းတွင် စားဖိုဆောင်သီးနှံများ အလွယ်တကူစိုက်ပျိုးနိုင်ပြီး လတ်ဆပ်သောဗီတာမင်ဓာတ် အပြည့်ပါသော ဟင်းသီးဟင်းရွက်များစားသုံးနိုင်ရန် မြို့နယ် စိုက်ပျိုးရေးဦးစီးဌာနမှ ဟင်းသီးဟင်းရွက်မျိုးစေ့များ အခမဲ့ဖြန့်ဝေပေးခြင်းကို ရုံးတွင်လည်းကောင်း၊ ရပ်ကွက်အတွင်းရှိ နေအိမ်အရောက်သော်လည်းကောင်း ဖြန့်ဖြူးပေးလျက်ရှိသည်။

 

အဆိုပါ ဟင်းသီးဟင်းရွက်မျိုးစေ့များကိုအခမဲ့ဖြန့်ဝေပေးခြင်းကို ဧပြီလ ၃၀ ရက်မှ  ယနေ့အထိ အိမ်ထောင်စုပေါင်း(၁၀၀)ကျော်ကို ဖြန့်ဝေပေးခဲ့ပြီးဖြစ်ကြောင်း နှင့် မြို့နယ်စိုက်ပျိုးရေး ဦးစီးဌာနရုံးတွင်လည်း ပျိုးပင်များကို ပျိုးထောင်ပေးထားရာ ပျိုးပင်များလည်း လာရောက်ရယူနိုင်ကြောင်း မြို့နယ်ဦးစီးမှူး ဒေါ်အေးမို့မို့ထွန်းထံမှ သိရသည်။

 

မိုးလွင်ဦး(လွိုင်လင်)