၄ မေ
၁။ ရန်ကုန်တိုင်းဒေသကြီးအတွင်းရှိ ခရိုင်နှင့် မြို့နယ်များတွင် (၆၆)ကေဗွီ၊ (၃၃)ကေဗွီ ဓာတ်အားခွဲရုံများ၊ Distribution Transformer များ ထိန်းသိမ်းပြုပြင်ခြင်းလုပ်ငန်းများ၊ ရေရှည် ဓာတ်အားတည်ငြိမ် ပြည့်ဝစွာပေးနိုင်ရေးအတွက် ဟောင်းနွမ်း၍ ဝန်အားမနိုင်တော့သော (၁၁)ကေဗွီ ဓာတ်အားလိုင်းကြိုး များအား လျှပ်ကာပါသော ဓာတ်အားလိုင်းကြိုးအသစ်များဖြင့် လဲလှယ်ခြင်းလုပ်ငန်းများနှင့် ဓာတ်အား ပြတ်တောက်မှု လျော့နည်းကျဆင်းစေရေးအတွက် သစ်ပင်/သစ်ကိုင်းများ ခုတ်ထွင်ရှင်းလင်းခြင်း လုပ်ငန်းများကို (၅-၅-၂၀၂၀)ရက်နေ့ (အင်္ဂါနေ့)နှင့် (၇.၅.၂၀၂၀)ရက်နေ့ (ကြာသပတေးနေ့) တွင် (၀၉:၀၀)နာရီမှ (၁၂:၀၀)နာရီ အချိန်အထိ ဆောင်ရွက်သွားမည် ဖြစ်ပါသည်။ လုပ်ငန်းဆောင်ရွက်စဉ် အချိန်အတွင်း ရန်ကုန်တိုင်းဒေသကြီး မြောက်ဉက္ကလာပ၊ သင်္ဃန်းကျွန်း၊ ဒဂုံမြို့သစ် (မြောက်ပိုင်း/ တောင်ပိုင်း)၊ ဗိုလ်တစ်ထောင်၊ တောင်ဉက္ကလာပ၊ ရန်ကင်း၊ ဒေါပုံ၊ ဒဂုံမြို့သစ်ဆိပ်ကမ်း၊ သာကေတ၊ ပုဇွန်တောင်၊ ဒဂုံမြို့သစ်အရှေ့ပိုင်း၊ ရွှေပေါက္ကံ၊ မင်္ဂလာတောင်ညွန့်၊ တာမွေ၊ အလုံ၊ စမ်းချောင်း၊ လမ်းမတော်၊ ကမာရွတ်၊ လှိုင်၊ ဗဟန်း၊ ကြည့်မြင်တိုင်၊ သန်လျင်၊ သုံးခွ၊ ကွမ်းခြံကုန်း၊ ကော့မှူး၊ ဆိပ်ကြိးခနောင်တို၊ ကျိုက်ထော်၊ တွံတေး၊ အေးရွာ၊ အင်းစိန်၊ လှိုင်သာယာ၊ ရွှေလင်ပန်း၊ ရွှေပြည်သာ၊ မင်္ဂလာဒုံ၊ မှော်ဘီ၊ လှည်းကူး၊ ဒါးပိန်၊ အင်းတိုင်၊ ဖောင်ကြီး၊ မြောင်းတကာ၊ ဥက္ကံ၊ တိုက်ကြီး၊ အဖျောက်၊ ဒလ၊ လက်ခုပ်ကုန်း မြို့နယ်များရှိ ရပ်ကွက်အချို့တို့တွင် အဆိုပါရက်များ၌ အချိန်ပိုင်း ဓာတ်အားပြတ်တောက်မှု အနည်းငယ်ရှိနိုင်ပါသည်။
၂။ ထိုသို့ လုပ်ငန်းဆောင်ရွက်ရခြင်းသည် ဓာတ်အားပြတ်တောက်မှု လျော့နည်းစေရန်အတွက် ကြိုတင်ပြင်ဆင် ဆောင်ရွက်ရခြင်းဖြစ်ပါသဖြင့် ယာယီဓာတ်အားပြတ်တောက်ရခြင်းအတွက် လူမှုရေး အခက်အခဲများ ပေါ်ပေါက်လာ နိုင်မှုများအပေါ်နားလည်ခွင့်လွှတ်ပေးပါရန် ရန်ကုန်လျှပ်စစ် ဓာတ်အားပေးရေးကော်ပိုရေးရှင်းမှ အများပြည်သူများထံသို့ လေးစားစွာ အသိပေးပန်ကြားအပ်ပါသည်။
#YESC_CallCenter


