၄ မေ
ဂျပန်ဝန်ကြီးချုပ် ရှင်ဇိုအာဘေးက တားမြစ်ချက်တွေ ရုပ်သိမ်းရန် သိပ်စောလွန်းတဲ့အတွက် ကိုရိုနာဗိုင်းရပ်စ်ပိုး ထိန်းချုပ်ရန် တစ်နိုင်ငံလုံးအတိုင်းအတာနဲ့ သတ်မှတ်ထားတဲ့ အရေးပေါ်အခြေအနေကို မေလ ၃၁ ရက်နေ့အထိ တိုးမြှင့်သတ်မှတ်လိုက်ကြောင်း ဒီနေ့(တနင်္လာနေ့) မှာ ကြေညာလိုက်ပါတယ်။
လာမယ့် သီတင်းနှစ်ပတ်အတွင်း ဗိုင်းရပ်စ်ပိုး အခြေအနေကို ပြန်လည်သုံးသပ်ကြည့်မှာဖြစ်ရာ ရောဂါပိုးကူးစက်နှုန်းဟာ သိသိသာ ကျဆင်းသွားမယ်ဆိုရင် အရေးပေါ်အခြေအနေကို လကုန်ပိုင်းမှာ ရုပ်သိမ်းနိုင်ကြောင်း သတိပေးပြောကြားပါတယ်။
ဧပြီ ၇ ရက်နေ့က စတင်ခဲ့တဲ့ အရေးပေါ်အခြေအနေဟာ မေ ၆ ရက်နေ့မှာ ကုန်ဆုံးမှာဖြစ်ပါတယ်။ အခုလို တားမြစ်ချက်တွေရှိတဲ့အတွက် ရောဂါကူးစက်သူဟာ တစ်နေ့ကို ၇၀၀ နီးပါးရှိနေရာမှာ သုံးပုံတစ်ပုံအထိ လျှော့ကျသွားကြောင်း ဝန်ကြီးချုပ်က ပြောပါတယ်။
ဆေးရုံတွေမှာ ကုသခံယူနေတဲ့ ဗိုင်းရပ်စ်ပိုးကူးစက်ခံရသူတွေထဲမှ နေ့စဉ်လူ ပေါင်း ၁၀၀ လောက် ဆေးရုံမှ ဆင်းခွင့်ရရှိနေကြောင်း၊ အခုလို အခြေအနေထက် ပိုးကူးစက်သူအရေအတွက် ပိုပြီးနည်းအောင် လုပ်ဆောင်ခြင်းအားဖြင့် ကျန်းမာရေးဝန်ထမ်းတွေကို ဖိအားပေးရာမရောက်ကြောင်း ဝန်ကြီးချုပ်က ဆက်ပြောပါတယ်။
ဂျပန်နိုင်ငံမှာ ဗိုင်းရပ်စ်ပိုးကူးစက်ခံသူ အရေအတွက်ဟာ ဉရောပနိုင်ငံတွေနဲ့ အမေရိကန်နိုင်ငံတို့ထက် များစွာနည်းပါးကြောင်း တွေ့ရပါတယ်။ ဗိုင်းရပ်စ်ပိုးကူးစက်ခံရသူ ၁၅,၀၀၀ ကျော်ထဲမှ သေဆုံးသူ ၅၁၀ ဦးသာရှိကြောင်း သိရပါတယ်။
MDN
ကိုးကား - AFP