နေပြည်တော် ၄ မေ

 

ချင်းပြည်နယ်၊ ပလက်ဝမြို့နယ်အတွင်းရှိ တိုက်ပွဲရှောင်ပြည်သူများ၏ လက်ရှိအခြေအနေ၊ ဝန်ကြီးဌာနနှင့် ချင်းပြည်နယ်အစိုးရအဖွဲ့တို့၏ ဆောင်ရွက်နေမှုအခြေအနေနှင့် ဆက်လက်ပံ့ပိုး ကူညီပေးနိုင်ရန် ကိစ္စရပ်များနှင့်စပ်လျဉ်း၍ ညှိနှိုင်းဆွေးနွေးပွဲကို ယနေ့နံနက်ပိုင်းက လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၌ ကျင်းပသည်။

 

ညှိနှိုင်းအစည်းအဝေးတွင် လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာဝင်းမြတ်အေး၊ ဒုတိယဝန်ကြီး ဦးစိုးအောင်၊ ညွှန်ကြားရေးမှူးချုပ်များ၊ ချင်းပြည်နယ်အစိုးရအဖွဲ့မှ တာဝန်ရှိသူများ၊ လွှတ်တော်ကိုယ်စားလှယ်များ၊ ချင်းပြည်နယ်၊ ပလက်ဝမြို့နယ်ရှိ တိုက်ပွဲရှောင်ပြည်သူများအတွက် ပူးပေါင်းဆောင်ရွက်နေသည့် ခူမီးချင်းမျိုး နွယ်စုများရေးရာ ပေါင်းစပ်ညှိနှိုင်းရေးကောင်စီအဖွဲ့ဝင်များ၊ ချင်းတိုက်ပွဲရှောင်ပြည်သူများ ကူညီရေးနှင့် ပြန်လည်ထူထောင်ရေးကော်မတီအဖွဲ့ဝင်များ ပါဝင်ဆွေးနွေးခဲ့ကြသည်။

 

ညှိနှိုင်းဆွေးနွေပွဲတွင် ပြည်ထောင်စုဝန်ကြီးက ချင်းပြည်နယ်၊ ပလက်ဝမြို့နယ်အတွင်း တိုက်ပွဲများကြောင့် နေရပ်စွန့်ခွာသည့် တိုက်ပွဲရှောင်ပြည်သူများမှာ ပလက်ဝမြို့နယ်အတွင်းသာမက ရန်ကုန်မြို့နှင့် ရခိုင်ပြည်နယ်တို့တွင်လည်း ရှိနေပါကြောင်း၊ တိုက်ပွဲရှောင်များအတွက် လတ်တလော၊ ရေတို၊ ရေရှည်ဆောင်ရွက်ရမည့် လုပ်ငန်းများရှိပါကြောင်း၊ ပြည်ထောင်စုအစိုးရ၊ မိမိတို့ဝန်ကြီးဌာန၊ ချင်းပြည်နယ်အစိုးရအဖွဲ့နှင့် တိုက်ပွဲရှောင်များအတွက် ပူးပေါင်းဆောင်ရွက်နေသည့် အဖွဲ့များနှင့် ပေါင်းစပ်ဆောင်ရွက်ပါက ပိုမိုထိရောက်စွာ ကူညီပံ့ပိုးဆောင်ရွက်နိုင်မည် ဖြစ်ပါကြောင်း၊ လတ်တလောဆောင်ရွက်ရမည့် အရေးပေါ်ကိစ္စတွင် ကိုဗစ်-၁၉ ရောဂါကာကွယ်ရေးကိုလည်း ထည့်သွင်း ဆောင်ရွက်သွားရမည် ဖြစ်ပါကြောင်း၊ မိမိတို့အနေဖြင့် IDP စခန်းများနှင့် တိုက်ပွဲရှောင်စခန်းများရှိသည့် ပြည်နယ်()ခုအတွက် စီမံချက်ရေးဆွဲပြီး အကောင်အထည်ဖော် ဆောင်ရွက်နေပါကြောင်း၊ ပလက်ဝမြို့နယ်ရှိ တိုက်ပွဲရှောင်များအတွက် စားနပ်ရိက္ခာများ ထပ်မံပို့ဆောင်ရေးကိုလည်း ပြည်ထောင်စုအဆင့်မှ ညှိနှိုင်းဆောင်ရွက်နေပါကြောင်း။

 

ပြည်နယ်(၅)ခုရှိ  တိုက်ပွဲရှောင်စခန်းများတွင် ကိုဗစ်-၁၉ ရောဂါအတွက် အသိပညာပေးလုပ်ငန်းများကို ထပ်ခါထပ်ခါ ထိရောက်စွာ ဆောင်ရွက်လျက်ရှိကြောင်း၊ စခန်းများအတွင်း နေထိုင်သူများအား အဝတ်ဖြင့်ချုပ်လုပ်ထားသော ပါးစပ်နှင့် နှာခေါင်းစည်းများ၊ ဆပ်ပြာများ ထောက်ပံ့ပေးလျက်ရှိကြောင်း၊ စခန်းအလိုက်အပူချိန်တိုင်း ကိရိယာများ၊ လက်ဆေးဘေစင်များကိုလည်း ထောက်ပံ့ဆောင်ရွက်ပေးလျက်ရှိကြောင်း၊ ကိုဗစ်-၁၉ ရောဂါ အသိပညာပေးတွင် ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနက တယ်လီဖုန်း Operator များမှ တစ်ဆင့် SMS ပေးပို့သည့် ပညာပေးညွှန်ကြားချက် အချက်(၁၀)ချက်မှာ အဓိကလိုက်နာရမည့် အချက်များဖြစ်၍ စခန်းနေသူများ သိရှိ၍ လိုက်နာဆောင်ရွက်ရေး ကူညီပေးကြစေလိုကြောင်း၊ hand Speaker များ၊ loud Speaker များဖြင့် အသိပညာပေးခြင်းကိုလည်း တိုးချဲ့ဆောင်ရွက်နေပါကြောင်း။

 

တိုက်ပွဲရှောင် ဘိုးဘွားများနှင့် ကိုယ်ဝန်ဆောင်များအတွက် လူမှုဝန်ထမ်းဦးစီးဌာနက ပုံမှန်ထောက်ပံ့မှုအပြင် ()ကြိမ်အပိုဆောင်း၍ ထောက်ပံ့သွားမည်ဖြစ်ပါကြောင်း၊ အလားတူ မသန်စွမ်းများအတွက်လည်း ထောက်ပံ့ရန် ဆောင်ရွက်နေပါကြောင်း၊ ချင်းပြည်နယ်၊ ပလက်ဝမြို့နယ်အတွက် ဆောင်ရွက်ရာတွင် ပူးပေါင်းညှိနှိုင်းမှုများဖြင့် အခက်အခဲများကို ကျော်လွှားပြီး ထောက်ပံ့မှုများကို ပိုမိုမြန်ဆန်စွာ ဆောင်ရွက်နိုင်မည် ဖြစ်ကြောင်း ပြောကြားသည်။

 

ထို့နောက် ချင်းပြည်နယ်၊ ပလက်ဝမြို့နယ်အတွင်းရှိ တိုက်ပွဲရှောင်ပြည်သူများအတွက် လက်ရှိဆောင်ရွက်နေသည့် ကိစ္စရပ်များ၊ တွေ့ကြုံရသည့် အခက်အခဲများနှင့် ဖြည့်ဆည်းပေးရန် တင်ပြချက်များဖြစ်သည့် ပလက်ဝ၊ ဆမီးမြို့နှင့် နီးစပ်ရာကျေးရွာများရှိ တိုက်ပွဲရှောင်များအတွက် စားနပ်ရိက္ခာများ ရရှိနိုင်ရေး၊ ထိခိုက်ပျက်စီးမှုများပြားခဲ့သည့် ကျေးရွာ()ရွာအတွက် အဆောက်အဦများ ပျက်စီးမှုအတွက် ပံ့ပိုးနိုင်ရေး၊ တိုက်ပွဲကြောင့် ထိခိုက်ဒဏ်ရာရသူများအား ပို့ဆောင်မည့် လူနာတင်ယာဉ်နှင့် အုပ်ချုပ်မှုယာဉ်ရရှိရေး၊ ပလက်ဝနှင့်ဆမီးမြို့တွင် ကျန်းမာရေးစောင့်ရှောက်မှု တိုးမြှင့်ရရှိစေရေး၊ မူလနေရပ်တွင် ပြန်လည်အခြေချရန်ခက်ခဲသည့် ဝေးလံသောအရပ်မှ အိမ်ထောင်စုများအတွက် ပလက်ဝမြို့နှင့် ဆမီးမြို့များတွင် တန်ဖိုးနည်းအိမ်ရာများ တည်ဆောက်ပေးရေး၊ တိုက်ပွဲရှောင်များနှင့် ပလက်ဝဒေသခံများအတွက် မိုးတွင်းကာလအတွင်း စားနပ်ရိက္ခာအခက်အခဲနည်းပါးစေရန် ကြိုတင်စီစဉ်ဆောင်ရွက်ရေး၊ မတူပီ-ဆမီး-ပလက်ဝလမ်းကြောင်းအား မိုးတွင်းကာလသွားလာနိုင်စေရန် ဆောင်ရွက်ပေးရေး၊ ကိုဗစ်-၁၉ ရောဂါကာကွယ်ရေး အတွက်လိုအပ်သည့် ပစ္စည်းများဖြည့်ဆည်းပေးရေးတို့ကို တင်ပြကြရာ တိုက်ပွဲရှောင်များအတွက် လိုအပ်ချက်များကို အမြန်ဆုံးဖြည့်ဆည်းပေးနိုင်ရေး ပြည်နယ်အစိုးရက စိစစ်တင်ပြပြီး လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာနက ညှိနှိုင်း၍ ပေါင်းစပ်ဆောင်ရွက်ပေးနိုင်ရေးတို့ကို ဆွေးနွေးခဲ့ကြကြောင်း သိရသည်။

 

သတင်းစဉ်