ရန်ကုန်  ၄  မေ

 

ရန်ကုန်တောင်ပိုင်းခရိုင် သန်လျင်မြို့နယ်အတွင်းရှိ အိမ်ထောင်စုခုနှစ်ထောင်သို့ ဆန်၊ ဆီများကို ဓမ္မစက္ကပဝတ္တနကာရီ ကိုဗစ်-၁၉ အထောက်အကူပြုအဖွဲ့နှင့် အလှူရှင်များ စုပေါင်း၍ ယနေ့တွင် ဒုတိယအကြိမ် ထောက်ပံ့လှူဒါန်းခဲ့ကြောင်း သိရသည်။

 

အဆိုပါလှူဒါန်းမှုနှင့် ပတ်သက်၍ အဖွဲ့ခေါင်းဆောင် ဦးဌေးမိုးက ကိုဗစ်-၁၉ ရောဂါကြောင့် အခြေခံပြည်သူများ၊ လက်လုပ်လက်စားများ အဆင်ပြေစေရန် ဆန်နှင့်ဆီအပါအဝင် အိမ်ထောင်စု (၇၀ဝ၀)အတွက် တစ်အိမ်ထောင်လျှင် ငွေကျပ် ၃၅၀ဝ နှုန်းဖြင့် ငွေကျပ် ၂၄၅ သိန်းကို ဒုတိယအကြိမ် ထောက်ပံ့လှုဒါန်းပေးခြင်းအား သက်ဆိုင်ရာ ရပ်ကွက်/ကျေးရွာ အုပ်ချုပ်ရေးမှုးများမှတစ်ဆင့် ပေးအပ်လှူဒါန်းခဲ့ပါကြောင်း၊ အရည်အသွေးမီ နှာခေါင်းစည်း ၅၀၀ ကိုလည်း သန်လျင်ဆေးရုံကြီးနှင့် ဈေးများသို့ ဖြန့်ဝေလှူဒါန်းပေးခဲ့ကြောင်း ပြောသည်။

 

သန်လျင်မြို့နယ် ဓမ္မစက္ကပဝတ္တနကာရီ ကိုဗစ်-၁၉ အထောက်အကူအဖွဲ့အနေဖြင့် ဆက်လက်ထောက်ပံ့ လှူဒါန်းပေးနိုင်ရန် အလှူရှင်များနှင့် ပူးပေါင်းဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရသည်။

 

သန်းဝင်း(သန်လျင်)