ကျော   ၅   မေ

 

ဂန့်ဂေါခရိုင် ကျောမြို့ဒေသအတွင်း မိုးဦးကျရာသီ ရောက်ရှိလာပြီဖြစ်သဖြင့် သွေးလွန်တုပ်ကွေး ရောဂါ ကာကွယ်ရေးအတွက် အမှတ်(၁)ရပ်ကွက်နှင့် အမှတ်(၂)ရပ်ကွက်အတွင်းရှိ နေအိမ်များအား တစ်အိမ်တက်ဆင်း ပိုးလောက်လန်းရှာဖွေခြင်းကို ယမန်နေ့ နံနက်ပိုင်းက ပြုလုပ်ခဲ့သည်။

 

478

 

ထိုသို့ဆောင်ရွက်ရာတွင် ခြင်သန္ဓေသားလောင်းများဖြစ်သည့် ပိုးလောက်လန်းများ မျိုးပွား ရှင်သန်မှု မရှိစေရန်ရည်ရွယ်၍ ဘုရားညောင်ရေအိုးများ၊ ရေတွင်း/ ရေကန်များ၊ ရေနုတ်မြောင်းများ၊ စွန့်ပစ်ထားသော ကားဘီးတာရာများ စသည့်နေရာများသို့ အဓိကထား ရှာဖွေစစ်ဆေးခဲ့ကြောင်း သိရသည်။

 

2896

 

ထို့သို့ သွေးလွန်တုပ်ကွေးရောဂါ ကာကွယ်ရေးအတွက် ပိုးလောက်လန်းများ ရှာဖွေဆောင်ရွက်ရာတွင် ကျေးလက်ကျန်းမာရေး ဦးစီးဌာနမှ ကျန်းမာရေး ဝန်ထမ်းများ၊ ရဲတပ်ဖွဲ့ဝင်များနှင့် အရန်မီးသတ် တပ်ဖွဲ့ဝင်များ၊ ကျောမြို့ မိခင်နှင့်ကလေးစောင့်ရှောက်ရေးအသင်းနှင့် အမျိုးသမီးရေးရာ အသင်းအဖွဲ့မှ တာဝန်ရှိသူများတို့က ပူးပေါင်းပါဝင် စစ်ဆေးခဲ့ကြောင်း သိရှိရသည်။

 

ထင်အောင်နိုင်(ဂန့်ဂေါ)

 

1200