လှိုင်းဘွဲ    ၅     မေ

 

ကရင်ပြည်နယ် လှိုင်းဘွဲမြို့နယ် ကြာအင်းကျေးရွာတွင် သွားလာမှုလွယ်ကူအဆင်ပြေစေရေးအတွက် ဂျပန်နိုင်ငံမှ အလှူရှင်များနှင့် ကျေးရွာပြည်သူတို့ ပူးပေါင်း၍ သံကူကွန်ကရစ် တံတားကို ၂၀၁၉ ခုနှစ် နိုဝင်ဘာလတွင် စတင်တည်ဆောက်ခဲ့ရာ ၂၀၂၀ ပြည့်နှစ်  ဇွန်လ ပထမပတ်တွင်  ပြီးစီးအောင် ဆောင်ရွက်သွားမည်ဖြစ်ကြောင်း မြို့နယ်ကျေးလက်လမ်းဦးစီးအရာရှိ ဦးမြင့်ကို ထံမှ သိရှိရသည်။

 

15189

 

အဆိုပါ သံကူကွန်ကရစ်တံတားကို  ဂျပန်နိုင်ငံမှ ကျပ် (၁၈၅) သန်းဖြင့် UNIVERSAL SKY TOP ကုမ္ပဏီ မှ တာဝန်ယူဆောင်ရွက်ကာ  တံတားအရှည် (၁၈၃)ပေ၊ ယာဉ်သွားလမ်းအကျယ်(၁၅)ပေ၊ ရေကင်းလွတ် အမြင့်(၅)ပေ၊ ယာဉ်အလေးချိန် တန်(၂၀)  ဖြတ်သန်းသွားလာနိုင်ပြီး တံတားပြီးစီးသွားပါက ကြာအင်း၊ ဝိုင်းထော်၊ ကွီးလေး၊ ကွမ်းတော၊ ကမားထ၊ ကမော့လဲ(ကျောင်း)၊ တောင်စွန်း၊ မြိုင်ကြီးငူအထူးဒေသရှိ ကျေးရွာ (၂၄)ရွာ စုစုပေါင်း ကျေးရွာ(၃၂)ရွာ၊ အိမ်ထောင်စု (၄၀၁၄)စု၊ လူဦးရေ(၂၃၄၅၂)ဦးခန့် အကျိုးပြုမည် ဖြစ်ပါသည်။

 

လှိုင်းဘွဲမြို့နယ် ကြာအင်းကျေးရွာအုပ်စု ကြာအင်းချောင်းသည် ရှစ်ရွာသစ်မြို့ ထရေဖိုးခွီးကျေးရွာအနီး မိုးပျံချောင်းအတွင်းမှ ဖြတ်သန်းစီးဆင်းလာပြီး လှိုင်းဘွဲချောင်းအတွင်းသို့ ဆက်လက်စီးဆင်းလာသည်။

 

152

 

ကြာအင်းချောင်းသည် နွေရာသီကာလ၌ ချောင်းရေခန်းခြောက်ကာ ကား၊ ဆိုင်ကယ်များအနေဖြင့် ယာယီ ဆောက်လုပ်ထားသော သစ်သားတံတားပေါ်တွင် ဖြတ်သန်းသွားလာနိုင်ပြီး မိုးရာသီတွင် ရေမြင့်တက်၍ ရေစီးသန်သည့်အတွက် ဒေသခံပြည်သူများ၊ ကျောင်းသား/သူများက စက်လှေများဖြင့် သွားလာနေရပြီး ကုန်စည်စီးဆင်းမှုမှာလည်း ကြန့်ကြာမှုများ ဖြစ်သည့်အတွက် သွားလာရေး အခက်အခဲများ နှစ်စဉ်ကြုံတွေ့ နေရကြောင်း သိရှိရပါသည်။

 

ခင်စန်းမြင့်(ပြန်/ဆက်)

 

357