နောင်ချို   ၅   မေ 

 

ကျောက်မဲခရိုင်  နောင်ချိုမြို့နယ် မီးသတ်ဦးစီးဌာနမှ (၇၄)နှစ်မြောက် မြန်မာနိုင်ငံ မီးသတ် တပ်ဖွဲ့နေ့ အထိမ်းအမှတ်အဖြစ် စိန့်အလွိုက်ရှက်(စ်) မသန်စွမ်းမိဘမဲ့ဂေဟာသို့ အလှူငွေနှင့် ရေသန့်ကို ယနေ့နံနက်ပိုင်းက လှူဒါန်းခဲ့ကြောင်း သိရသည်။

 

859

 

နောင်ချိုမြို့နယ် မီးသတ်ဦးစီးဌာနမှ ဒုတိယဦးစီးမှူး ဦးဇော်ဇော်အောင်နှင့်ဝန်ထမ်းများ သည် နောင်ချိုမြို့ ဈေးရပ်ကွက်ရှိ စိန့်အလွိုက်ရှက်(စ်)မသန်စွမ်းမိဘမဲ့ဂေဟာသို့ သွားရောက်ကာ အလှူငွေနှင့် ဒေါင်ဖန်း မီးငြိမ်းသတ်ယာဉ်ဖြင့် ရေသန့်တစ်စီးတို့ကို လှူဒါန်းခဲ့ရာ မသန်စွမ်းမိဘမဲ့ ဂေဟာမှ တာဝန်ရှိသူတို့က လက်ခံရယူခဲ့ကြသည်။

 

မီးသတ် ဦးစီးဌာနမှ ဒုတိယဦးစီးမှူး ဦးဇော်ဇော်အောင်မှ မီးသတ်တပ်ဖွဲ့နေ့၌ ယခုလို တစ်ထောင့် တစ်နေရာမှ ပါဝင်လှူဒါန်းပေးခဲ့ရသည့်အတွက် ဌာနကိုယ်စား ဝမ်းသာပိတိဖြစ်မိပါ ကြောင်း ပြောကြားခဲ့သည်။

           

ထွေးငယ်၊နောင်ချို၊ ပြန်/ဆက်