မြောင်းမြ   ၅   မေ     

 

ဧရာဝတီတိုင်းဒေသကြီး မြောင်းမြမြို့နယ်အတွင်းရှိ လက်ပံကျေးရွာ၊ ကျိုက်ညီနောင်ကျေးရွာတို့တွင်   ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေး ဦးစီးဌာန၊ ဒေါ်ခင်ကြည် ဖောင်ဒေးရှင်း ရွေ့လျားစာကြည့်တိုက် မော်တော်ယာဉ်ဖြင့် ကျေးရွာနေ မိဘပြည်သူများအား စာအုပ်စာစောင် ငှားရမ်းပေးခြင်းနှင့် ကိုဗစ်-၁၉ ရောဂါ ကာကွယ်၊ ထိန်းချုပ်ရေး လုပ်ငန်းများတွင် ပြည်သူများ သိရှိလိုက်နာ ဆောင်ရွက်နိုင်ရေးအတွက် အသိပညာပေး လက်ကမ်းစာစောင်များ ဖြန့်ဝေပေးခြင်း၊ လက်သန့်ဆေးရည်များ အသုံးပြုပေးခြင်း တို့ကို  ယမန်နေ့ မွန်းလွဲပိုင်းက ဆောင်ရွက်ပေးခဲ့သည်။

 

11542

 

အဆိုပါ အသိပညာပေးလုပ်ငန်းဆောင်ရွက်ရာတွင် ကျေးရွာနေမိဘပြည်သူများအား ကိုဗစ်-၁၉ရောဂါ ကာကွယ်၊ ထိန်းချုပ်နိုင်ရေးအတွက် ပြည်သူတစ်ဦး ချင်းစီမှ လိုက်နာ ဆောင်ရွက်ရမည့် ကျန်းမာရေးနှင့် အားကစား ဝန်ကြီးဌာနက ထုတ်ပြန်ထားသည့် ညွှန်ကြားချက်နှင့်အညီ လူစုလူဝေးမဖြစ်စေရေး၊ တစ်ဦးနှင့် တစ်ဉီး သုံးပေကွာနေထိုင်ရေး၊ နှာခေါင်းစည်း Maskများ တပ်ဆင်သည့် အလေ့အကျင့်များ ရှိစေရန် အသိပညာပေးခြင်း၊ လက်ကမ်းစာ စောင်များဖြန့်ဝေခြင်း၊ လက်သန့်ဆေးရည်များ အသုံးပြုပေးခြင်း စသည့်ရောဂါကာကွယ်ရေးလုပ်ငန်းများကို အသိပညာပေးဆောင်ရွက်ခဲ့ကြောင်း သိရသည်။

 

ကေခိုင်စိုး(မြောင်းမြ)