ညောင်ဦး ၅ မေ
မန္တလေးတိုင်းဒေသကြီး ပုဂံ-ညောင်ဦးမြို့ မြင်းကပါရပ်နှင့် တောင်ဘီရွာ ယာယီဈေးများ၌ ကိုဗစ်-၁၉ ရောဂါ ကာကွယ်ထိန်းချုပ် ကူးစက်ပြန့်ပွားမှု မရှိစေရေး နှာခေါင်းစည်း(mask)များ ၊ လက်အိတ်များ မျှဝေခြင်းနှင့် ကိုဗစ်-၁၉ အသိပညာပေး ဟောပြောခြင်းတို့ကို ယနေ့ နံနက် ၇ နာရီက ခရိုင်/မြို့နယ် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ဝင်များ၊ ရက်ကွက်/ကျေးရွာအုပ်ချုပ်ရေးမှူးများ နှင့် ရပ်ကျေး အမျိုးသမီး အဖွဲ့ဝင်များ ပူးပေါင်း၍ ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
အဆိုပါ ပူးပေါင်းအဖွဲ့များသည် ယာယီဈေးအတွင်း ဈေးရောင်းဈေးဝယ်လာသူများအား အဖွဲ့များခွဲ၍ အပူချိန်တိုင်းတာ စစ်ဆေးပေးခြင်းနှင့် ကိုဗစ်-၁၉ ကပ်ရောဂါဖြစ်ပွားမှုကာလအတွင်း ကျန်းမာရေးနှင့် အားကစား ဝန်ကြီးဌာနက ထုတ်ပြန်ထားသည့် စည်းကမ်းချက်များအတိုင်း လိုက်နာဆောင်ရွက်ရန်၊ လက်ကို မကြာခဏ ဆေးကြောရန်၊ အပြင်ထွက်တိုင်း နှာခေါင်းစည်း(mask) တပ်ဆင်ရန် စသည့်ဖြင့် ဆောင်ရန်/ရှောင်ရန်တို့ကို အသိပညာပေး ဟောပြောဆောင်ရွက်ကြပါသည်။
ဆက်လက်၍လည်း ပုဂံညောင်ဦးမြို့နယ် ရပ်ကွက်/ကျေးရွာများ အတွင်းရှိ ပြည်သူများ လက်ဝယ်သို့ နှာခေါင်းစည်းများနှင့် ကိုဗစ်-၁၉ ကပ်ရောဂါ ကာကွယ်ရေးအထောက်အကူပြုပစ္စည်းများ ဝေငှသွားဖို့ စီစဉ်လျက်ရှိကြောင်း သိရသည်။
ကျော်မင်းဦး(ရေနံချောင်း)


