အင်္ဂပူ ၅ မေ
၂၀၁၉-၂၀၂၀ ဘဏ္ဍာရေးနှစ် ပြည်ထောင်စုလွှတ်တော် ရန်ပုံငွေကျပ်သိန်း (၁၀၀၀)ဖြင့် ဒေသဖွံ့ဖြိုးရေး လုပ်ငန်းများ အကောင်အထည်ဖော်ဆောင် ရွက်ခွင့်ရရှိသော ဒေသများအား ရန်ပုံငွေပထမအရစ် ထုတ်ပေးခြင်း အခမ်းအနားကို ယနေ့ နံနက် ၁၀နာရီက အင်္ဂပူမြို့ အထွေထွေအုပ် ချုပ်ရေးဦးစီးဌာနရုံး အစည်းအဝေးခန်းမတွင် ကျင်းပပြုလုပ်ခဲ့သည်။
အခမ်းအနားတွင် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးအေးဝင်းက အဖွင့်အမှာစကားပြောကြားပြီး တိုင်းဒေသကြီးလွှတ် တော်ကိုယ်စားလှယ် ဦးဗိုလ်ဗိုလ်ဇင် က လွှတ်တော်ရန်ပုံငွေသိန်း(၁၀၀၀)ဖြင့်ဆောင်ရွက်မည့် လုပ်ငန်းများအားရှင်း လင်းပြောကြားခဲ့သည်။ ထို့နောက် မြို့နယ်အုပ်ချုပ်ရေးမှူး ဦးရဲရင့်လှိုင်က အင်္ဂပူမြို့နယ်အတွင်း ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများကို ပြည်ထောင်စုလွှတ်တော်ရန်ပုံငွေနှင့် ပြည်သူလူထုထည့်ဝင်ငွေများဖြင့် ပူးပေါင်း၍ လုပ်ငန်းများအောင်မြင်အောင်ဆောင်ရွက်ကြရန် ပြောကြားခဲ့ကြသည်။
ထို့နောက် အင်္ဂပူမြို့နယ်အတွင်း ပြည်ထောင်စုလွှတ်တော် ရန်ပုံငွေဖြင့်လမ်း၊ တံတားနှင့် မီးလင်းရေးစသည့်ဒေသဖွံ့ဖြိုးရေး လုပ်ငန်းများ ဆောင်ရွက်ခွင့်ရရှိသောဒေသ(၅)ခုမှ ဒေသဖွံ့ဖြိုးရေးလုပ်ငန်း ၂၄ ခု အတွက် ရန်ပုံငွေများကို လွှတ်တော်ကိုယ်စားလှယ်နှင့် တာဝန်ရှိသူများက ဒေသဖွံ့ဖြိုးရေးလုပ်ငန်း အကောင်အထည်ဖော်ရေး ကော်မတီများထံသို့ ပေးအပ်ခဲ့ ကြောင်း သိရသည်။
မန်းကျော်(ပြန်/ဆက်)


