လှိုင်သာယာ ၅ မေ
ရန်ကုန်တိုင်းဒေသကြီး မြောက်ပိုင်းခရိုင် လှိုင်သာယာ(အနောက်ပိုင်း)မြို့နယ်၌ ကိုဗစ်−၁၉ရောဂါမှ ကာကွယ်ထိန်းချုပ်နိုင်ရေး အမှတ်(၂၀)ဈေးအတွင်း စနစ်တကျရောင်းချရေးကို မေလ ၄ရက်နေ့ မွန်းလွဲပိုင်းက လှိုင်သာယာမြို့နယ် အမှတ်(၂) တိုင်းဒေကြီး လွှတ်တော်ကိုယ်စားလှယ် ဦးမြတ်မင်းသူနှင့် ဌာဆိုင်ရာ တာဝန်ရှိသူများ ကွင်းဆင်းဆောင်ရွက်ကြသည်။
အဆိုပါ ဆောင်ရွက်ရာတွင် ကိုဗစ်−၁၉ ရောဂါမှ ကာကွယ်ထိန်းချုပ်နိုင်ရေးအတွက် အမှတ်(၂၀)ရပ်ကွက် ရှိ အမှတ်(၂၀)ဈေးအတွင်း ဈေးရောင်းချသူများအား စနစ်တကျ ရောင်းချရေးအတွက် ဈေးအတွင်း သွား ရောက် ကြည့်ရှု့ပြီး သက်ဆိုင်ရာ တာဝန်ရှိသူများအား ဈေးအတွင်းရှိ လမ်းမများပေါ်တွင် ဈေးရောင်းချမှု မရှိစေရေး၊ ဆိုင်ခန်းများတွင်သာ ရောင်းချစေရေး၊ စနစ်တကျ စီမံဆောင်ရွက်ရန်နှင့် ဈေးဝယ်သူ ၊ ဈေးရောင်း သူများအား နှာချေင်းစည်း(Mask)များတပ်ပြီးမှ ရောင်းဝယ်စေရေး နှင့် ဈေးအတွင်း အသံချဲ့စက်များဖြင့် ကိုဗစ်−၁၉ ရောဂါကာကွယ်ထိန်းချုပ်ရေး အသိပညာပေးများ ကြော်ငြာဆောင်ရွက် ပေးခြင်းများ ဆောင်ရွက်ရန် ပြောကြားခဲ့ကြောင်း သိရသည်။
မြသန္တာဝင်း(ပြန်/ဆက်)


