ငါ့သရောက် ၅  မေ 

 

မန္တလေးတိုင်းဒေသကြီး ညောင်ဦးခရိုင် ငါ့သရောက်မြို့ အခြေခံပညာအထက်တန်း ကျောင်း၊ ဆည်ကျေးရွာ အခြေခံပညာအထက်တန်းကျောင်း(ခွဲ)နှင့် တဲမကျေးရွာ အခြေခံပညာ အလယ်တန်း ကျောင်းတို့တွင် Quarantine ဝင်နေသည့် နေရပ်ပြန်များအား မေ၅ ရက် နံနက် ၉ နာရီခွဲက အမျိုးသား လွှတ်တော်ကိုယ်စားလှယ် ဦးကျော်တုတ်၊ ငါ့သရောက်မြို့ အုပ်ချုပ်ရေးမှူးနှင့် တာဝန်ရှိသူများ သွားရောက် ကြည့်ရှုအားပေးခဲ့ကြောင်း သိရသည်။

 

639

 

အမျိုးသားလွှတ်တော်ကိုယ်စားလှယ် ဦးကျော်တုတ်သည် ငါ့သရောက်မြို့ အုပ်ချုပ်ရေးမှူး ဦးခင်မောင်ဝင်း၊ တိုက်နယ်ပြည်သူ့ဆေးရုံမှ တာဝန်ခံဆရာဝန် ဒေါက်တာ မျိုးဇော်အောင်နှင့် ကျန်းမာရေးဝန်ထမ်းများ ပါဝင်သောအဖွဲ့သည် ငါ့သရောက်မြို့သို့ ပြန်လည်ရောက်ရှိလာသည့် နေရပ်ပြန်များအား Community Base Facility Quarantine ဝင်နေသည့် ငါ့သရောက်အခြေခံပညာ အထက်တန်းကျောင်း၊ ဆည်ကျေးရွာအခြေခံ ပညာအကတန်းကျောင်း(ခွဲ)နှင့် တဲမကျေးရွာ အခြေခံပညာ အလယ်တန်းကျောင်းများသို့ သွားရောက်ကာ Community Base Facility Quarantine ဝင်ရောက်နေသည့် နေရပ်ပြန်များအား သွားရောက်တွေ့ဆုံအားပေးစကားပြောကြားပြီး၊ လိုအပ်သည် များကို သက်ဆိုင်ရာ ရပ်ကွက်၊ ကျေးရွာအုပ်ချုပ်ရေးမှူးများ၊ ရပ်မိရပ်ဖများ၊ ကျန်းမာရေး ဝန်ထမ်းများနှင့် တွေ့ဆုံညှိနှိုင်း ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။

 

369

 

ဆည်ကျေးရွာ အခြေခံပညာ အထက်တန်းကျောင်း(ခွဲ)တွင် ၁၀ဦး၊တဲမအခြေခံပညာ အလယ်တန်း ကျောင်းတွင် ၆ဦး၊ ငါ့သရောက် အခြေခံပညာ အထက်တန်းကျောင်းတွင် ၂ ဦး ၊စုစုပေါင်း(၁၈)ဦးရှိပြီး Community Base Facility Quarantine ၂၁ ရက် ဝင်ရောက်ပြီးပါက Home Quarantine ၇ ရက်နေရမည် ဖြစ်ကြောင်း မြို့အုပ်ချုပ်ရေးမှူး ဦးခင်မောင်ဝင်းက ရှင်းပြသည်။

 

မောင်မောင်ထိန်၊ကျောက်ပန်းတောင်း